Wednesday, October 1, 2014

Type Of RC Helicopter

RC Helicopter အမျိုးအစားများကို စုစည်းတင်ပြသွားပါမည်။
၎င်းအမျိုးအစားကို (CX) Coaxial (or) Dual rotor (or) Contra-rotating Helicopter ဟူ၍ ခေါ်ကြသည်။ ၄င်းအမျိုးအစားတွင် ပင်မတောင်ပံနှစ်ထပ်၊ တည်ငြိမ်ထိန်းတံ (stabilizer)၊ ရေပြင်ညီအတိုင်း ပက်လက်တပ်ဆင်ထားသောအမြီးပန်ကာတို့ ပါရှိသည်။ ဘယ်ညာကွေ့ရန်အတွက် ပင်မပန်ကာ၏ အောက်ဘက်ပန်ကာလည်ပတ်နှုန်းကို အတိုးအလျော့ ပြုလုပ်ခြင်းဖြင့် ထိန်းချုပ်သည်။ ရှေ့တိုးခြင်း၊ နောက်ဆုတ်ခြင်းတို့ကို အမြီးပန်ကာလည်ပတ်နှုန်းအနဲအများဖြင့် ထိန်းချုပ်သည်။ ၄င်းမျိုးအစားသည် ဘယ်ညာလူးခြင်း၊ ဘေးတိုက်သွားခြင်းတို့ကို မပြုလုပ်နိုင်ပေ။ ထိန်းချုပ်ရာတွင် လွယ်ကူသောကြောင့် beginner player များနှင့် သင့်တော်သည်။
၎င်းအမျိုးအစားသည် Dual rotor နှင့် Collective Pitch (CP) အမျိုးအစားတို့ကို ပေါင်းစပ်တည်ဆောက်ထားခြင်းဖြစ်သည်။ အမြီးပန်ကာတပ်ဆင်ထားခြင်းမရှိပေ။ ဘယ်ညာကွေ့ရန်အတွက် အောက်ပန်ကာ၏ လည်ပတ်နှုန်းအနည်းအများဖြင့် ထိန်းချုပ်သည်။ ရှေ့တိုးနောက်ဆုတ်အတွက် အောက်ပန်ကာ၏ Pitch angle ကို ပြောင်းလဲပေးခြင်းဖြင့် ထိန်းချုပ်သည်။ Intermediate Player များနှင့် သင့်တော်သည်။
Fixed Pitch (CF) အမျိုးအစားဖြစ်သည်။ ပင်မပန်ကာ၏ Pitch angle ကို အသေတပ်ဆင်ထားသည်။ ရှေ့တိုးနောက်ဆုတ်၊ ဘေးဘယ်ညာလူးရန်/သွားရန်အတွက် Pitch angle ပြောင်းလဲနိုင်သော Fly Bar Paddle တပ်ဆင်ထားသည်။ ဘယ်ညာကွေ့ရန် ဒေါင်လိုက်တပ်ဆင်ထားသော အမြီးပန်ကာပါရှိသည်။ အမြီးပန်ကာသည် လည်ပတ်နှုန်းအသေဖြစ်ပြီး တွန်းအား အနည်းအများရရှိရန် Pitch angle ကိုပြောင်းလဲနိုင်ရန် တည်ဆောက်ထားသည်။ Advance Player များနှင့် သင့်တော်သည်။
Collective Pitch (CP) နှင့် Stabilizer တို့ ပေါင်းစပ်တပ်ဆင်ထားသော အမျိုးအစားဖြစ်သည်။ Pitch angle ပြောင်းလဲနိုင်သော ပင်မပန်ကာတစ်ထပ် ပါရှိသည်။ တည်ငြိမ်စွာပျံသန်းနိုင်ရန် ပင်မပန်ကာ၏ Pitch angle ကို ကူညီထိန်းကျောင်းပေးသော Stabilizer Bar တပ်ဆင်ထားသည်။ ဘယ်ညာကွေ့ရန် အမြီးပန်ကာ တပ်ဆင်ထားသည်။
Collective Pitch (CP) အမျိုးအစားဖြစ်သည်။ လူစီး Helicopter ကြီးများအတိုင်း တည်ဆောက်ထားသည်။ Pitch angle ပြောင်းလဲနိုင်သော ပင်မပန်ကာ၊ လည်ပတ်နှုန်းအသေနှင့် Pitch angle ပြောင်းလဲနိုင်သော အမြီးပန်ကာတို့ တပ်ဆင်ထားသည်။ ဂျွမ်းထိုးခြင်းအပါအ၀င် ပုံစံမျိုးစုံဖြင့် ပျံသန်းနိုင်သည်။ Advance Player များနှင့်သာ သင့်တော်သည်။
ကုန်တင် Helicopter ပုံစံအတိုင်း ပြုလုပ်ထားသည်။ Dual rotor ရှေ့၊နောက် နှစ်ခု တပ်ဆင်ထားခြင်းဖြစ်သည်။ နောက်ပန်ကာအုံအား Coaxial Helicopter အတိုင်း ပြုလုပ်ထားခြင်းဖြင့် ဘယ်ညာကွေ့ခြင်း၊ ရှေ့နောက်ပျံသန်းခြင်းကို ထိန်းချုပ်သည်။
အမြင့်ပျံသန်းရန်နှင့် အဝေးပျံသန်းသောအခါ Motor အားဖြင့် မလုံလောက်သောကြောင့် Engine အသေးစားများဖြင့် တည်ဆောက်ကြသည်။ Engine Post တွင် အင်ဂျင်အကြောင်း လေ့လာနိုင်ပါသည်။
အားကစားနှင့် ဖျော်ဖြေရေးကဏ္ဍတွင် အမြင့်မှရိုက်ချက်များလိုအပ်သောအခါ RC Helicopter များတွင် Camera များ တပ်ဆင်၍ ရိုက်ကူးကြသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဘက်စုံသုံး Camera နှင့် Sensor များ တပ်ဆင်၍ အသုံးပြုကြသည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အနီအောက်ရောင်ခြည်ကင်မရာများကိုလည်း တပ်ဆင်၍ အသုံးပြုကြသည်။ ပျံသန်းမှုအမြန်နှုန်း နဲပါးခြင်းကြောင့် ပစ်ချခံရမည့်အန္တရာယ်များ၍ ရှေ့တန်းစစ်မျက်နှာတွင် အသုံးပြုမှု နဲပါးသည်။