Monday, February 2, 2015

Multirotors (Multicopters)

ပန်ကာဝင်ရိုးများစွာဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ လေယျာဉ်ပျံများသည် အရှိန်နှင့် ပြေးတက်ပြေးဆင်းပြုလုပ်ရပြီး မြေပေါ်သို့ ဒေါင်လိုက်အတက်အဆင်း ပြုလုပ်ခြင်း၊ လေထဲတွင် တည်ငြိမ်စွာတည်ရှိနေခြင်းများ မပြုလုပ်နိုင်ပေ။ မြေပေါ်သို့ ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော Rotor (ပန်ကာ)၂-ခုပါ Helicopter များသည် တည်ငြိမ်စွာပျံသန်းမောင်းနှင်ရန်အတွက် ထိန်းကျောင်းရာတွင် ခက်ခဲမှုများစွာရှိသည်။ ထို့ကြောင့် ပျံသန်းမောင်းနှင်ရာတွင် တည်ငြိမ်မှုများစွာရှိပြီး ထိန်းကျောင်းရလွယ်ကူသော Multirotors အမျိုးအစားဝင် Multicopters များကို အသုံးပြုကြသည်။ မီဒီယာများနှင့် သုတေသနလုပ်ငန်းများတွင် ကောင်းကင်ဓါတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရာတွင် R-C Planes , R-C Helicopters များထက် ပျံသန်းရာတွင် တည်ငြိမ်မှုများစွာပိုမိုကောင်းမွန်သော R-C Multicopters များကို အသုံးပြုခြင်း ဖြစ်သည်။ သို့မှသာ ကြည်လင်ပြတ်သားသောပုံများကို ရရှိမည်ဖြစ်သည်။

No comments: