Plus Flight Quadcopter များ ပျံသန်းမှုအမျိုးမျိုးတွင် မော်တာများအလုပ်လုပ်ပုံကို တင်ပြပါမည်။
(၁) Upward Flight (လေထဲသို့ပျံတက်ခြင်း)
မော်တာအားလုံးသည် ဆွဲအားတူညီစွာလည်ပတ်မှုကြောင့် Quadcopter သည် လေထဲသို့ တည့်မတ်စွာ ပျံတက်သည်။
(၂) Forward Flight (လေထဲတွင် ရှေ့သို့သွားခြင်း)
(၃) Backward Flight (လေထဲတွင် နောက်သို့သွားခြင်း)
မော်တာ(၁)နှင့်(၃)သည် နာရီလက်တံအတိုင်းညာလည် Clock Wise (CW) လည်ပတ်ပြီး၊ မော်တာ(၂)နှင့်(၄)သည် ဘယ်လည် (CCW) လည်ပတ်သည်။ အထက်တွင်ဖေါ်ပြခဲ့သော ပျံသန်းမှုပုံစံ(၁)မှ(၅)ထိတွင် (CW) နှင့် (CCW) တို့သည် တူညီကြသောကြောင့် ၄င်းတို့မှထွက်ပေါ်လာသော ပြောင်းပြန်လိမ်အား (Reverse Torque) တို့သည် တူညီကြသည်။ ထို့ကြောင့် Quadcopter ဦးပိုင်းသည် တည်ငြိမ်နေမည်ဖြစ်သည်။ (CW) လည်ပတ်သော မော်တာ(၁)နှင့်(၃)အားသည် (CCW)လည်ပတ်သော မော်တာ(၂)နှင့်(၄)ထက် များနေသည်။ ထိုအခါ အသားတင်အားသည် (CW)တွင် သက်ရောက်နေသည်။ ထိုအခါ ပြောင်းပန်လိမ်အားသည် (CCW) သက်ရောက်နေသည်။ ထို့ကြောင့် Quadcopter သည် ဘယ်ဘက်သို့လည်သွားခြင်းဖြင့် ဦးတည်ရာအရပ်သည် ဘယ်ဘက်သို့ ပြောင်းသွားသည်။
ပြောင်းပြန်လိမ်အား (Reverse Torque)အကြောင်းကို Airplane Post တွင် လေ့လာနိုင်ပါသည်။
(၇) Turn Right Flight (လေထဲတွင် ညာသို့ကွေ့ခြင်း)
(၈) Landing Flight (မြေပြင်ပေါ်သို့ဆင်းသက်ခြင်း)
မော်တာအားများကို လျော့ချခြင်းဖြင့် မြေပြင်ပေါ်သို့ လွယ်ကူစွာ ဆင်းသက်နိုင်သည်။
Pilot ၏ ကျွမ်းကျင်မှုကိုလိုက်၍ ပျံသန်းမှုပုံစံများကို တစ်ခုနှင့်တစ်ခု ပေါင်းစပ်ကာ Quadcopter များကို လှပစွာ ပျံသန်းနိုင်ပါသည်။
No comments:
Post a Comment