Monday, September 22, 2014

CX Helicopter Electronic Parts

CX Helicopter တွင် Electronic ပစ္စည်းများအဖြစ် Battery, Combo Board, Main Motors and Tail Motor တို့ဖြစ်သည်။
အားသွင်းဘက်ထရီ Rechargeable Battery အမျိုးအစားကိုသာ အသုံးပြုသည်။ 7.4 V (NiPoly) အမျိုးအစားကို အသုံးများသည်။ RC Plane Battery Post တွင် လေ့လာနိုင်ပါသည်။
CX Helicopter များအတွက် Receiver, ESC တို့ကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ပြုလုပ်ထားသည်။ Receiver နှင့် ESC အကြောင်းအား RC Plane Receiver နှင့် ESC Post တို့တွင် လေ့လာနိုင်ပါသည်။

Main Blade Motor (၂)လုံးနှင့် Tail Motor အဖြစ် Brush Motor အမျိုးအစားကို အသုံးပြုသည်။ Brush Motor အား RC Plane Motor Post တွင် လေ့လာနိုင်ပါသည်။
Transmitter တွင် ဘယ်ဘက်ခလုတ်သည် အပေါ်အောက်သာ လှုပ်ရှား၍ရပြီး အပေါ်ပျံတက်ခြင်း၊ အောက်ဆင်းခြင်းကို ထိန်းချုပ်သည်။ ညာဘက်ခလုတ်သည် အပေါ်အောက် ဘေးဘယ်ညာ ဆုံလည် လှုပ်ရှားသည်။ အပေါ်အောက်သည် ရှေ့တိုးနောက်ဆုတ် ထိန်းချုပ်ပြီး ဘေးဘယ်ညာသည် ဘယ်ကွေ့ညာကွေ့ အတွက် ထိန်းချုပ်သည်။ Main Motor များ efficiency မတူညီ၍သော်လည်းကောင်း Mechanical effect ကြောင့် Main Blade များလည်ပတ်နှုန်းမတူညီသောအခါ Main Blade မှထွက်ပေါ်လာသော Torque အား မတူညီမှုကြောင့် Body ပါ လိုက်လည်ပတ်လိမ့်မည်။ ထိုသို့မဖြစ်ပေါ်စေရန် လည်ပတ်နှုန်းတူညီအောင် Trim Roll Button ဖြင့် လှည့်၍ ချိန်ညှိရသည်။ လည်ပတ်နှုန်းတူညီပါက Body သည် တည်ငြိမ်နေမည်ဖြစ်ပါသည်။


 

No comments: