Saturday, September 20, 2014

Main Blade

Main Blade အား လည်ပတ်စေခြင်းဖြင့် Lift မတင်အားကို ရရှိပါသည်။ Blade တွင် Lift မတင်အား ဖြစ်ပေါ်ပုံကို R-C Plane Wing တောင်ပံ Post တွင် လေ့လာနိုင်ပါသည်။
Helicopter သည် လေငြိမ်နေသောအနေအထားတွင် ပျံသန်းပါက ပြသနာမရှိပေ။ သို့သော် လက်တွေ့တွင် ပျံသန်းသောအခါ ပြင်ပလေထုတွင် တိုက်ခတ်နေသောလေအလျှင်ကြောင့် Main Blade တွင် Lift မအားဖြစ်ပေါ်မှု မတူညီတော့ပေ။
Blade ဒလက်(၂)ခုပါသော Main Blade ဖြင့် ရှင်းပြပါမည်။ ပုံတွင် နာရီပြောင်းပြန် CCW (Counter Clock Wise) လည်သော Blade A နှင့် Blade B ဟူ၍ (၂)ခုရှိပါသည်။ လေသည် Helicopter ရှေ့တည့်တည့်မှတိုက်သည်ဆိုပါဆို့။ Blade A တွင် ဖြတ်စီးသော လေစီးကြောင်းအလျှင်သည် Blade လည်ပတ်သောအလျှင်နှင့် လေစီးကြောင်းအလျှင်တို့ ပေါင်းလဒ်ဖြစ်သည်။ Blade B တွင် ဖြတ်စီးသော လေစီးကြောင်းအလျှင်သည် Blade လည်ပတ်သောအလျှင်နှင့် လေစီးကြောင်းအလျှင်တို့ ခြားနားခြင်း ရလဒ်ဖြစ်သည်။ ထိုအခါ Blade A တွင် ဖြတ်စီးသော လေစီးကြောင်းအလျှင်သည် Blade B တွင် ဖြတ်စီးသော လေစီးကြောင်းအလျှင်ထက် များနေပါသည်။ အလျှင်များလျှင် ပင့်မအားများသောကြောင့် Blade A သည် Blade B ထက် lift ပင့်မအား များနေပါလိမ့်မည်။ ထို့နောက် Main Blade လည်ပတ်မှုကြောင့် Blade A သည် Blade B နေရာရောက်ရှိလာပါသည်။ ထိုအခါ Blade B သည် Blade A ထက် lift ပင့်မအား များနေပါမည်။ ထို့ကြောင့် Helicopter ၏ ညာဘက်ခြမ်းသည် ပင့်အားများနေပြီး ဘယ်ဘက်ခြမ်းသည် ပင့်အားနဲနေပါမည်။ ထိုအခါ Helicopter သည် တစ်ဖက်စောင်းနေပါလိမ့်မည်။ ထို့သို့ Lift အားမတူညီမှုကို တူညီစေရန် Blade Pitch angle ကို ပြောင်းလဲစေခြင်းဖြင့် ညှိယူရပါသည်။
Main Blade တွင် တပ်ဆင်ထားသော Blade တစ်ခုချင်းစီ၏ Pitch angle ကို ပြောင်းလဲနိုင်အောင် Mechanical Link တည်ဆောက်ထားခြင်းဖြင့် Lift အား တူညီမှုရရှိအောင် ပြုလုပ်ကြသည်။


No comments: