Tuesday, September 30, 2014

Collective Pitch (CP) Helicopter

CP Helicopter များကို လူစီး Helicopter ကြီးများအလုပ်လုပ်ပုံအတိုင်း တည်ဆောက်ထားသည်။ Advance Player ကျွမ်းကျင်အဆင့်ဖြင့်သာ သင့်တော်သော အမျိုးအစားဖြစ်သည်။
၎င်းတွင် Main Blade တွင်ပါဝင်သော Blade တစ်ခုချင်းစီ၏ Pitch angle ကို စိတ်ကြိုက်ပြောင်းလဲနိုင်ရန် တည်ဆောက်ထားသည်။ FP Helicopter များ၏ Fly bar Paddle ၏ အလုပ်ကို Main Blade က ထမ်းဆောင်စေခြင်းဖြစ်သည်။ ကျန်တည်ဆောက်ပုံများမှာ FP Helicopter များနှင့် အတူတူဖြစ်ပါသည်။

 

Fixed Pitch ( FP ) Helicopter

FP Helicopter များကို Intermediate Player အလယ်အလတ်ကျွမ်းကျင်သူများအတွက် တည်ဆောက်ထားသည်။
ဤ Helicopter တွင် Pitch angle အသေတပ်ဆင်ထားသော Main Blade တစ်ခုသာ ပါရှိသည်။ Body အား ရှေ့နောက်၊ ဘေး ဘယ်၊ညာ စောင်းရန်နှင့် လေတိုက်မှုကြောင့် Main Blade မှ Lift ပင့်မအား မတူညီမှုကိုချိန်ညှိရန် Pitch angle ကို ပြောင်းလဲနိုင်သော Paddle တစ်ခုစီတပ်ဆင်ထားသော Fly bar ပါရှိသည်။

Paddle များအား Fly bar တစ်ချောင်း၏ တစ်ဘက်စီတွင် အသေတပ်ဆင်ထားသည်။ Fly bar အား Rotor head တွင် See Saw Function ဖြင့် လှုပ်ရှားနိုင်ရန် Mechanism Link ဖြင့် ပြုလုပ်ထားသည်။

Fly bar အား Clockwise / Counter-Clockwise လည်စေခြင်းဖြင့် Paddle တစ်ခုစီ၏ Pitch angle ကို ပြောင်းလဲစေသည်။ Paddle တစ်ခုစီကို Fly bar တွင် အသေတပ်ဆင်ထားသောကြောင့် Paddle တစ်ခုတွင် Positive ( + ) angle ဖြစ်ပေါ်ပါက အခြားတစ်ဘက်တွင် Negative ( - ) angle ဖြစ်ပေါ်စေပါသည်။ ဤသို့ဖြင့် Helicopter အား ရှေ့နောက်၊ ဘေး ဘယ်၊ညာသို့ ရွေ့လျားစေခြင်းကို ဖြစ်ပေါ်စေပါသည်။
Fly bar ၏ လှုပ်ရှားမှုအား Servo Motor တစ်လုံးစီဖြင့် Universal Joint ခံကာ ထိန်းချုပ်သည်။ ( Universal Joint အလုပ်လုပ်ပုံအား သီးခြား Post ဖြင့် တင်ပါမည်။ )

Main Blade မှထွက်ပေါ်သော Torque အားကို ဆန့်ကျင်ပြီး Helicopter ၏ ဦးတည်ရာအရပ်ကို ထိန်းကျောင်းရန် Tail Blade ကို တပ်ဆင်ထားသည်။ ဤ Tail Blade တွင် RPM လည်ပတ်နှုန်းကို အသေထားပြီး Force အား အနဲအများကို Tail Blade ၏ Pitch angle ကို ပြောင်းလဲခြင်းဖြင့် ရရှိသည်။ Tail Blade ၏ Pitch angle သည် Fly bar paddle ၏ Pitch angle ကဲ့သို့ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်မဟုတ်ပဲ ( + ၊ + ) တူညီသော angle ကိုသာ ဖြစ်ပေါ်စေပါသည်။ Tail Blade ၏ Pitch angle ကို Servo Motor တစ်လုံးဖြင့် Universal Joint ခံကာ ပြောင်းလဲစေသည်။
(FP) Helicopter များကို 4-channel Transmitter (TX) ဖြင့် ထိန်းချုပ်သည်။
(FP) Helicopter များတွင် Electronic အစိတ်အပိုင်းများအဖြစ် Receiver နှင့် ESC တို့ပေါင်းစပ်ထားသော Combo Receiver, Battery, Main Motor, Fly Bar Paddle Servo Motor (2-ps), Tail Blade Servo Motor (1-p) တို့ ပါဝင်သည်။ Electronic အစိတ်အပိုင်းတစ်ခုစီအား လေ့လာလိုပါက သီးသန့် Post များဖြင့် တင်ထားပါသည်။

Monday, September 22, 2014

CX Helicopter Electronic Parts

CX Helicopter တွင် Electronic ပစ္စည်းများအဖြစ် Battery, Combo Board, Main Motors and Tail Motor တို့ဖြစ်သည်။
အားသွင်းဘက်ထရီ Rechargeable Battery အမျိုးအစားကိုသာ အသုံးပြုသည်။ 7.4 V (NiPoly) အမျိုးအစားကို အသုံးများသည်။ RC Plane Battery Post တွင် လေ့လာနိုင်ပါသည်။
CX Helicopter များအတွက် Receiver, ESC တို့ကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ပြုလုပ်ထားသည်။ Receiver နှင့် ESC အကြောင်းအား RC Plane Receiver နှင့် ESC Post တို့တွင် လေ့လာနိုင်ပါသည်။

Main Blade Motor (၂)လုံးနှင့် Tail Motor အဖြစ် Brush Motor အမျိုးအစားကို အသုံးပြုသည်။ Brush Motor အား RC Plane Motor Post တွင် လေ့လာနိုင်ပါသည်။
Transmitter တွင် ဘယ်ဘက်ခလုတ်သည် အပေါ်အောက်သာ လှုပ်ရှား၍ရပြီး အပေါ်ပျံတက်ခြင်း၊ အောက်ဆင်းခြင်းကို ထိန်းချုပ်သည်။ ညာဘက်ခလုတ်သည် အပေါ်အောက် ဘေးဘယ်ညာ ဆုံလည် လှုပ်ရှားသည်။ အပေါ်အောက်သည် ရှေ့တိုးနောက်ဆုတ် ထိန်းချုပ်ပြီး ဘေးဘယ်ညာသည် ဘယ်ကွေ့ညာကွေ့ အတွက် ထိန်းချုပ်သည်။ Main Motor များ efficiency မတူညီ၍သော်လည်းကောင်း Mechanical effect ကြောင့် Main Blade များလည်ပတ်နှုန်းမတူညီသောအခါ Main Blade မှထွက်ပေါ်လာသော Torque အား မတူညီမှုကြောင့် Body ပါ လိုက်လည်ပတ်လိမ့်မည်။ ထိုသို့မဖြစ်ပေါ်စေရန် လည်ပတ်နှုန်းတူညီအောင် Trim Roll Button ဖြင့် လှည့်၍ ချိန်ညှိရသည်။ လည်ပတ်နှုန်းတူညီပါက Body သည် တည်ငြိမ်နေမည်ဖြစ်ပါသည်။


 

Sunday, September 21, 2014

Double Rotor R-C Helicopter

ဝါသနာရှင်အဆင့်အသုံးပြုသော အဝေးထိန်း R-C ( Radio Control ) Helicopter များကို အရိုးရှင်းဆုံးပုံစံဖြင့် တည်ဆောက်ကြသည်။ ထိန်းကျောင်းမောင်းနှင်ရာတွင် လွယ်ကူစေရန် ပန်ကာ (၂)ထပ် တပ်ဆင်ထားသည်။ ၄င်း Helicopter များအား Coaxial (CX) (or) Dual Rotor (or) Contra-rotating ဟူ၍လည်း ခေါ်ကြသည်။ မြန်မာပြည်တွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီး တရုတ်နိုင်ငံလုပ် ပစ္စည်းများ ဖြစ်ပါသည်။
၎င်းအမျိုးအစားတွင် Stabilizer (တည်ငြိမ်ထိန်းတံ) Upper Blade အပေါ်ပန်ကာ၊ Lower Blade အောက်ပန်ကာနှင့် Tail Blade အမြီးပန်ကာတို့ဖြစ်သည်။
အပေါ်ပန်ကာနှင့် အောက်ပန်ကာတို့သည် ဆန့်ကျင်ဘက် ဦးတည်ရာဖြင့် လည်ပတ်ပါသည်။
ထိုသို့ ဆန့်ကျင်ဘက်လည်ပတ်စေရန် ပန်ကာတစ်ခုစီအား Motor တစ်လုံးစီဖြင့် သီးခြားမောင်းနှင်ပါသည်။ ပန်ကာများသည် သီးခြားဆန့်ကျင်ဘက်လည်ပတ်သောကြောင့် ၄င်းတို့မှထွက်ပေါ်လာသော Torque ( Main Blade post တွင် လေ့လာရန်) သည် အချင်းချင်း ဆန့်ကျင်ဘက်သက်ရောက်ကာ Body ကိုယ်ထည်ကို မလည်ပတ်စေပဲ တည်ငြိမ်စွာတည်ရှိစေပါသည်။
Helicopter အား ပြင်ပလေထု (outdoor) တွင် မောင်းနှင်သောအခါ လေတိုက်မှုကြောင့် Blade များတွင်ဖြစ်ပေါ်သောပင့်အား မတူညီမှုကို အလိုအလျှောက် ထိန်းကျောင်းနိုင်ရန် Stabilizer ကို ထည့်သွင်းတပ်ဆင်ထားသည်။
Stabilizer ၏ အစွန်း(၂)ဘက်တွင် အလေးတုံး (သံတုံး) တစ်ခုစီ ထည့်ထားသည်။ Upper Blade နှင့် တပြိုင်တည်းလည်ပတ်ရန် တည်ဆောက်ထားသည်။ Stabilizer လည်ပတ်သောအခါ Weight တုံးအလေးချိန်ကြောင့် CF (Centrifugal Force) ဗဟိုခွာအား ဖြစ်ပေါ်စေပါသည်။ CF သည် အမြဲတန်း ရေပြင်ညီအတိုင်းတည်ရှိသည်။ လေတိုက်မှုကြောင့် Helicopter သည် ရှေ့နောက်၊ဘေးဘယ်ညာလူးသောအခါ Stabilizer သည် လိုက်ပါမလူးပေ။ ထို့ပြင် Upper Blade အား Link များဖြင့်ဆက်သွယ်၍ Blade တစ်ခုချင်းစီ၏ Pitch angle (Main Blade post တွင် လေ့လာရန်) ကိုအလိုအလျောက် ထိန်းကျောင်းပေးသဖြင့် Helicopter အား မလူးစေပဲ တည်ငြိမ်စွာပျံသန်းစေသည်။ Stabilizer တွင်ပါသော Weight တုံးအလေးချိန်သည် လည်ပတ်မှုကြောင့် ဗဟိုခွာအားအဖြစ်သို့ပြောင်းလဲသွားသောကြောင့် Blade မှ Lift အားပေါ်တွင် သက်ရောက်မှုမရှိတော့ပေ။
ဤ CX Helicopter များတွင် ဘယ်ညာကွေ့ရန်အတွက် Lower Blade ၏ လည်ပတ်နှုန်းကို အတိုးအလျော့ပြုလုပ်ခြင်းဖြင့် ထိန်းကျောင်းသည်။ ထိုသို့အတိုးအလျော့ပြုလုပ်ခြင်းကြောင့် Lower Blade မှထွက်ပေါ်လာသော Torque အားသည် Upper Blade မှထွက်ပေါ်လာသော Torque အားထက် နဲခြင်း၊ များခြင်းဖြစ်ပေါ်စေကာ Body အား ဘယ်သို့လည်စေခြင်း၊ ညာသို့လည်စေခြင်းဖြင့် Helicopter ၏ ဦးတည်ရာအရပ်ကို ထိန်းကျောင်းပေးသည်။
CX Helicopter များ ရှေ့နောက်သွားစေရန် Tail Blade မှ ဆောင်ရွက်ပေးသည်။ Tail Blade ကို မော်တာအသေးတစ်လုံးဖြင့် ဒေါင်လိုက် တပ်ဆင်ထားသည်။ Motor အား ဘယ်(သို့)ညာ လည်ပတ်စေသောအခါ Tail Blade မှ တွန်းအား(သို့) ဆွဲအား ဖြစ်ပေါ်စေခြင်းဖြင့် Helicopter အား ရှေ့နောက် ရွေ့လျားစေသည်။

Saturday, September 20, 2014

Main Blade

Main Blade အား လည်ပတ်စေခြင်းဖြင့် Lift မတင်အားကို ရရှိပါသည်။ Blade တွင် Lift မတင်အား ဖြစ်ပေါ်ပုံကို R-C Plane Wing တောင်ပံ Post တွင် လေ့လာနိုင်ပါသည်။
Helicopter သည် လေငြိမ်နေသောအနေအထားတွင် ပျံသန်းပါက ပြသနာမရှိပေ။ သို့သော် လက်တွေ့တွင် ပျံသန်းသောအခါ ပြင်ပလေထုတွင် တိုက်ခတ်နေသောလေအလျှင်ကြောင့် Main Blade တွင် Lift မအားဖြစ်ပေါ်မှု မတူညီတော့ပေ။
Blade ဒလက်(၂)ခုပါသော Main Blade ဖြင့် ရှင်းပြပါမည်။ ပုံတွင် နာရီပြောင်းပြန် CCW (Counter Clock Wise) လည်သော Blade A နှင့် Blade B ဟူ၍ (၂)ခုရှိပါသည်။ လေသည် Helicopter ရှေ့တည့်တည့်မှတိုက်သည်ဆိုပါဆို့။ Blade A တွင် ဖြတ်စီးသော လေစီးကြောင်းအလျှင်သည် Blade လည်ပတ်သောအလျှင်နှင့် လေစီးကြောင်းအလျှင်တို့ ပေါင်းလဒ်ဖြစ်သည်။ Blade B တွင် ဖြတ်စီးသော လေစီးကြောင်းအလျှင်သည် Blade လည်ပတ်သောအလျှင်နှင့် လေစီးကြောင်းအလျှင်တို့ ခြားနားခြင်း ရလဒ်ဖြစ်သည်။ ထိုအခါ Blade A တွင် ဖြတ်စီးသော လေစီးကြောင်းအလျှင်သည် Blade B တွင် ဖြတ်စီးသော လေစီးကြောင်းအလျှင်ထက် များနေပါသည်။ အလျှင်များလျှင် ပင့်မအားများသောကြောင့် Blade A သည် Blade B ထက် lift ပင့်မအား များနေပါလိမ့်မည်။ ထို့နောက် Main Blade လည်ပတ်မှုကြောင့် Blade A သည် Blade B နေရာရောက်ရှိလာပါသည်။ ထိုအခါ Blade B သည် Blade A ထက် lift ပင့်မအား များနေပါမည်။ ထို့ကြောင့် Helicopter ၏ ညာဘက်ခြမ်းသည် ပင့်အားများနေပြီး ဘယ်ဘက်ခြမ်းသည် ပင့်အားနဲနေပါမည်။ ထိုအခါ Helicopter သည် တစ်ဖက်စောင်းနေပါလိမ့်မည်။ ထို့သို့ Lift အားမတူညီမှုကို တူညီစေရန် Blade Pitch angle ကို ပြောင်းလဲစေခြင်းဖြင့် ညှိယူရပါသည်။
Main Blade တွင် တပ်ဆင်ထားသော Blade တစ်ခုချင်းစီ၏ Pitch angle ကို ပြောင်းလဲနိုင်အောင် Mechanical Link တည်ဆောက်ထားခြင်းဖြင့် Lift အား တူညီမှုရရှိအောင် ပြုလုပ်ကြသည်။


Friday, September 19, 2014

Helicopter Tail Blade

Post တွေတင်စရာအများကြီးရှိပါတယ်။ မြန်မာပြည်ရဲ့ connection က အဆင်မပြေတာကြောင့် စိတ်သွားတိုင်း connection မပါဘူးဖြစ်နေပါတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းသလို ကိုယ့်ပိုက်ဆံအကုန်ခံပြီး ၀ါသနာအရ ကိုယ်လေ့လာထားတာတွေ post တင်တာဆိုတော့ Oredoo လည်းမသုံးနိုင်ဘူးဗျ။ တယ်လီနော ကတော့ ဘယ်လိုလာမလဲမသိဘူး။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်ဆိုသလို ကျွန်တော့် GSM လေးနဲ့ပဲ MPT loading လည်တာလေးကို ချစ်ခင်မြတ်နိုးစိတ်၊ သနားညှာတာစိတ်၊ သည်းခံခွင့်လွှတ်နိုင်စွမ်းအပြည့်နဲ့ပဲ MPT ရဲ့ဆောင်ပုဒ် ရှေ့သို့လှမ်းချီ မြန်မာပြည်ဆိုတဲ့အတိုင်း Loading လေးနဲ့ပဲ ကျွန်တော့ blog ကလေးကို ရှေ့သို့လှမ်းချီသွားပါ့မယ်။
Main Blade အား လည်ပတ်စေရန်အတွက်အားကို Body တွင်တပ်ဆင်ထားသော Engine မှ ရရှိသည်။ Main Blade လည်ပတ်သောအခါ Engine တွင် ပြောင်းပြန်လိမ်အား Torque ဖြစ်ပေါ်စေပါသည်။ Express ကားများ လီဘာပုတ်သောအခါ ဘယ်ညာလူးခြင်း၊ သင်္ဘောများ အထူးသဖြင့် မြစ်ဝကျွန်းပေါ်သွား အင်ဂျင်တစ်လုံးတပ် ဂျပန်စစ်လျှော်ကြေးအဖြစ်ရရှိထားသော ၀မ်းလုံးသင်္ဘောများသည် တစ်စောင်းသွားခြင်းမှာ ၄င်း Torque အားကြောင့်ဖြစ်သည်။ လေထဲတွင် အလွတ်ပျံသန်းရသော Helicopter များတွင် ထို Torque အားသည် များစွာ အကျိုးသက်ရောက်စေသည်။ Main Blade သည် ညာလည် CCW (Counter Clock Wise) လည်သောအခါ Engine နှင့်တွဲထားသော Body သည် ဘယ်လည် CW လည်ပါသည်။ ထိုကဲ့သို့ Body လိုက်လည်ခြင်းမရှိအောင် Tail အမြီးတွင် Blade ပန်ကာတစ်ခု တပ်ဆင်ထားသည်။
Tail Blade သည် အားတစ်ခုဖြင့် ပြန်တွန်းသောကြောင့် Main Blade လည်မှုကြောင့် ဖြစ်ပေါ်လာသော Torque အားကို ပြန်လည်ပြေပျောက်စေသည်။ Tail Blade အားသည် Torque အားနှင့် တူညီသောအခါ Helicopter ဦးတည်ရာအရပ်သည် တည်ငြိမ်နေမည်ဖြစ်သည်။ Tail Blade လည်ပတ်နှုန်းအနှေးအမြန်ဖြင့် Force အားကို အနဲအများဖြစ်ပေါ်စေသည်။ Tail Blade အားကို Torque အားထက် နည်းစေခြင်း၊ များစေခြင်းဖြင့် Helicopter ဦးတည်ရာအရပ်ကို ပြောင်းလဲ၍ လိုရာအရပ်သို့ ပျံသန်းမောင်းနှင်နိုင်သည်။
(ယခု Post တင်ရာတွင်ပင် connection ပြတ်တောင်းပြတ်တောင်းဖြစ်ပေါ်နေသောကြောင့် အချိန်(၂)နာရီကျော်ကြာမြင့်ကာ Bill သည်လည်း အတော်ထိခိုက်သွားပါကြောင်း)

Thursday, September 18, 2014

How to Fly Helicopter

Helicopter တွင် အဓိကအစိတ်အပိုင်း(3)ခုရှိပါသည်။ Engine ထိုင်ထားသော Body, Main Blade, Tail Blade တို့ဖြစ်ပါသည်။
Helicopter တစ်စီးလုံးကို လေထဲတွင်မတင်ထားသောအရာမှာ Main Blade ဖြစ်ပါသည်။ Main Blade Axle ၀င်ရိုးကို ရှေ့နောက်၊ ဘေးဘယ်ညာလှုပ်ရှားနိုင်ရန် တည်ဆောက်ထားသည်။
Main Blade အား ရှေ့သို့စိုက်ထားသောအခါ Main Blade သည် Body ကို ရှေ့သို့ မဆွဲ ဆွဲပါသည်။
Main Blade အား နောက်သို့စိုက်ထားသောအခါ Main Blade သည် Body ကို နောက်သို့ မဆွဲ ဆွဲပါသည်။
Main Blade အား ဘယ်ညာစောင်းပေးခြင်းဖြင့် Body ကို ဘေးဘယ်ညာသွားစေပါသည်။


Helicopter

လူသားတို့သည် ငှက်များကဲ့သို့ လေထဲတွင်ပျံသန်းနိုင်ရန် အမျိုးမျိုးအဖုံဖုံကြံဆခဲ့ကြသည်။ မီးပုံးပျံများတွင် လူလိုက်ပါစီးနင်းခဲ့ကြသည်။ လက်နှစ်ဖက်နှင့် ခန္ဓာကိုယ်တွင် အတောင်များတပ်ဆင်၍ပျံသန်းရန် ကြိုးစားခဲ့ကြသည်။ ဤကဲ့သို့အဆင့်ဆင့်တီထွင်ကြံဆခဲ့ကြရာ လေယာဉ်ပျံများသည် အောင်မြင်မှုရရှိခဲ့ကြသည်။ သို့ရာတွင် လေယာဉ်ပျံများသည် ရွေ့လျားမှုကြောင့်သာ လေထဲတွင် ပျံသန်းနိုင်ကြခြင်း ဖြစ်သည်။ လေထုထဲတွင် တည်ငြိမ်စွာ ရပ်တည်နိုင်ခြင်းမရှိပေ။ ထိုအခါ ဆက်လက်တီထွင်ကြံဆခဲ့ကြရာ Helicopter ဟူသောယာဉ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

Monday, September 15, 2014

Drone Beyond Line-of-Sight Operation



Remote-Split-Sight Operation ဟုလည်း ခေါ်သည်။ ဤ Operation တွင် အသုံးပြုသော R-C Plane (Drone) များတွင် စွမ်းအားမြင့်လက်နက်များ၊ အဆင့်မြင့် ပစ္စည်းများဖြင့် တည်ဆောက်ထားသည်။ Drone များတွင် ထိန်းချုပ်မောင်းနှင်သွားနိုင်ရန် GPS စနစ်များ တပ်ဆင်ထားသည်။ GPS စနစ်ဖြင့် သတ်မှတ်ထားသောနေရာသို့ အလိုအလျောက်မောင်းနှင်သွားနိုင်ရန် GAAS (General Aeronautical System ) တပ်ဆင်ထားသည်။
Drone လေယာဉ်များကို ရှေ့တန်းစစ်မြေပြင်အခြေစိုက်စခန်းမှလွှတ်တင်လိုက်သည်။ ထို့နောက် ရှေ့တန်းအခြေစိုက်စခန်းမှသော်၎င်း၊ နောက်တန်းအခြေစိုက်စခန်းမှ Satellite မှတဆင့်သော်၎င်း တိုက်ရိုက်ထိန်းချုပ်မောင်းနှင်နိုင်သည်။ ဂြိုလ်တုကိုအသုံးပြု၍ ထိန်းချုပ်မောင်းနှင်သောကြောင့် Control Length များစွာရရှိပါသည်။
ဥပမာ Afghanistan နိုင်ငံ အခြေစိုက်စခန်းမှထိန်းချုပ်ကာ Drone လေယာဉ်ကို ဝေဟင်သို့လွှတ်တင်လိုက်သည်။ လေထဲသို့ရောက်သောအခါ US အမေရိကန်နိုင်ငံ အခြေစိုက်စခန်းမှ ထိန်းချုပ်မှုကို လွှဲပြောင်းရယူလိုက်သည်။ ထို့နောက် ထောက်လှမ်းရရှိသောသတင်းအရ ရန်သူကို တိုက်ခိုက်ရှင်းလင်းသည်။ ထို့နောက် အာဖဂန် အခြေစိုက်စခန်းမှ ထိန်းချုပ်မှုကို ပြောင်းလဲရယူပြီး မြေပြင်သို့ဆင်းသက်စေသည်။ ဤသို့ဖြင့် ဝေးလံသောဒေသမှရန်သူများကို တိုက်ခိုက်ခြေမှုန်းကြသည်။

ီDrone Line-of-Sight Operation

Drone လေယာဉ်များကို ရှေ့တန်းစစ်မျက်နှာမှ တိုက်ရိုက်ထိန်းချုပ်ကာ ရန်သူကို ရှာဖွေထောက်ထှမ်းခြင်း၊ တိုက်ခိုက်ခြေမှုန်းခြင်းလုပ်ငန်းစဉ်ကို Line-of-Sight Operation ဟု ခေါ်ပါသည်။
ရှေ့တန်းစစ်မြေပြင်ရှိ တပ်စိတ်တစ်ခုသည် မိမိချီတက်မည့်လမ်းကြောင်း (သို့) ပတ်ဝန်းကျင်အနေအထားကို လေ့လာရန်အတွက် ရှေ့ပြေးပွိုင့်ကင်းထောက် စေလွှတ်ပါက မတော်တဆထိခိုက်ကျဆုံးမှုရှိနိုင်သည်။ ထို့ကြောင့် Drone (RC-Plane) တွင် Wireless Camera တပ်ဆင်ကာ ထောက်လှမ်းရန်စေလွှတ်ပါက များစွာ အကျိုးကျေးဇူးရှိပေသည်။ ထို့ပြင် လက်နက်များပါ တပ်ဆင်ခြေမှုန်းစေပါက မိမိဘက်မှ စစ်သည်ဆုံးရှုံးမှုမရှိပဲ အောင်ပွဲကို ရရှိစေမည်ဖြစ်ပါသည်။

Sunday, September 14, 2014

Drone Operation

Drone လေယာဉ်များကို မောင်းနှင်ထိန်းချုပ်နည် (၂)နည်းရှိပါတယ်။
(၁) Line-of-Sight ရှေ့တန်းစစ်မြေပြင်မှ တိုက်ရိုက်ထိန်းချုပ်နည်း
(၂) Beyond Line-of-Sight (or) Remote-Split-Sight ရှေ့တန်းနှင့်တွဲကာ နောက်တန်းအခြေစိုက်စခန်းမှ ထိန်းချုပ်နည်း တို့ဖြစ်သည်။

Friday, September 12, 2014

DRONE မောင်းသူမဲ့လေယာဉ်

RC Plane များကို အပျော်တမ်းဝါသနာအရ ဆော့ကစားစရာအဖြစ် သင်တွေးထင်လားလျှင် များစွာမှားယွင်းသွားပါလိမ့်မည်။ RC Plane များကို စစ်မက်ဖြစ်ပွားရာတွင် တိုက်ခိုက်ရေးလက်နက်အဖြစ် များစွာ အသုံးပြုနေကြပါပြီ။ ထိုသို့ ကြီးကျယ်သောကိစများတွင် အသုံးပြုနေကြသောကြောင့် RC Plane ဟု ခေါ်တွင်ခြင်းမပြုကြပဲ အမေရိကန်အပါအ၀င် အနောက်နေတိုးအုပ်စုက Drone ဟု၎င်း၊ Israel နိုင်ငံတွင် Heron TP UAV (UAV-Unmanned Aerial Vehicles) ဟု၎င်း၊ တရုတ်နိုင်ငံက Silver Eagle ဟု ခေါ်ဝေါ်ကြသည်။ သာမာန် RC Plane များတွင် Camera များ၊ Sensor များတပ်ဆင်ကာ ရှေ့တန်းစစ်မြေပြင်တွင် ကင်းထောက်ခြင်းလုပ်ငန်းများတွင်၎င်း၊ ဒုံးကျည်များတပ်ဆင်ကာ ရန်သူကိုရှာဖွေခြေမှုန်းခြင်းလုပ်ငန်းများပါ လုပ်ဆောင်စေပါသည်။ သာမန် RC Plane များသည် ပျံသန်းချိန်နှင့် ထိန်းချုပ်အကွာအဝေးတို့သည် တိုတောင်းသောကြောင့် ပြုပြင်မွမ်းမံများစွာဖြင့် အဆင့်မြှင့်ခဲ့ကြသည်။ ကြာရှည်စွာပျံသန်းနိုင်ရန် Gas Engine နှင့် Turbine Engine အသေးစားများ တပ်ဆင်ကြသည်။ ထိန်းချုပ်ဧရိယာ ကျယ်ပြန့်စေရန် GPS (Global Positioning satellite) နှင့် တွဲဖက်ကာ GAAS (General Atomics Aeronautical System) ကိုတပ်ဆင်ကြသည်။ ထိုအခါ RC Plane များသည် တိုက်လေယာဉ်ပျံကြီးများနှင့်မခြား ထိရောက်စွာ ပျံသန်းထိန်းချုပ်နိုင်ကြသည်။ တိုက်လေယာဉ်ပျံကြီးများသည် တန်ဖိုးကြီးမားခြင်း၊ မောင်းနှင်သောလေသူရဲ Pilot အား ကာလကြာရှည်စွာ သင်တန်းပေးရခြင်း၊ ရန်သူ့နယ်မြေတွင် လေယာဉ်ပျံပျက်ကျပါက ၄င်းလေသူရဲအား ရှာဖွေကယ်တင်ရခြင်း၊ ရန်သူလေယာဉ်ပျံမှ ပစ်လွှတ်လိုက်သော (Air to Air) ဒုံးကျည်နှင့် မြေပြင်မှပစ်လွှတ်လိုက်သော (Ground to Air) ဒုံးကျည်များအတွက် ပစ်မှတ်ဧရိယာ ကြီးမားခြင်း၊ ရန်သူ့ Radar မှ အလွယ်တကူ ထောက်လှမ်းနိုင်ခြင်း စသော အချက်များစွာ ရှိပါသည်။ မောင်သူမဲ့လေယာဉ်များသည် တန်ဖိုးနဲပါးခြင်း၊ မြေပြင်အခြေစိုက်စခန်းမှ ထိန်းချုပ်မောင်းနှင် ရသောကြောင့် အသက်ဆုံးရှုံးမှုမရှိခြင်း။ ထိန်းချုပ်မောင်းနှင်ရန်အတွက် လွယ်ကူသောကြောင့် Pilot များကို သင်တန်းပေးကာလ တိုတောင်းခြင်း၊ ဒုံးကျည်များ၊ ရေဒါများ အတွက် ပစ်မှတ်ဧရိယာသေး ငယ်ခြင်း စသော အချက်များကြောင့် နိုင်ငံစစ်တပ်များစွာသည် Drone လေယာဉ်များကို ပိုင်ဆိုင်ရန် ကြိုးစားလျှက် ရှိကြသည်။ ယမန်နှစ်က တစ်ကမ္ဘာ့လုံး Drone လေယာဉ်ရောင်းဝယ်မှုသည် ယူရို ပေါင် ၅ ဘီလီယံကျော် ရှိခဲ့သည်။ ၀ယ်လိုအားသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လျှက်ရှိသည်။