Showing posts with label လေယျာဉ်ပျံ. Show all posts
Showing posts with label လေယျာဉ်ပျံ. Show all posts

Monday, September 15, 2014

Drone Beyond Line-of-Sight Operation



Remote-Split-Sight Operation ဟုလည်း ခေါ်သည်။ ဤ Operation တွင် အသုံးပြုသော R-C Plane (Drone) များတွင် စွမ်းအားမြင့်လက်နက်များ၊ အဆင့်မြင့် ပစ္စည်းများဖြင့် တည်ဆောက်ထားသည်။ Drone များတွင် ထိန်းချုပ်မောင်းနှင်သွားနိုင်ရန် GPS စနစ်များ တပ်ဆင်ထားသည်။ GPS စနစ်ဖြင့် သတ်မှတ်ထားသောနေရာသို့ အလိုအလျောက်မောင်းနှင်သွားနိုင်ရန် GAAS (General Aeronautical System ) တပ်ဆင်ထားသည်။
Drone လေယာဉ်များကို ရှေ့တန်းစစ်မြေပြင်အခြေစိုက်စခန်းမှလွှတ်တင်လိုက်သည်။ ထို့နောက် ရှေ့တန်းအခြေစိုက်စခန်းမှသော်၎င်း၊ နောက်တန်းအခြေစိုက်စခန်းမှ Satellite မှတဆင့်သော်၎င်း တိုက်ရိုက်ထိန်းချုပ်မောင်းနှင်နိုင်သည်။ ဂြိုလ်တုကိုအသုံးပြု၍ ထိန်းချုပ်မောင်းနှင်သောကြောင့် Control Length များစွာရရှိပါသည်။
ဥပမာ Afghanistan နိုင်ငံ အခြေစိုက်စခန်းမှထိန်းချုပ်ကာ Drone လေယာဉ်ကို ဝေဟင်သို့လွှတ်တင်လိုက်သည်။ လေထဲသို့ရောက်သောအခါ US အမေရိကန်နိုင်ငံ အခြေစိုက်စခန်းမှ ထိန်းချုပ်မှုကို လွှဲပြောင်းရယူလိုက်သည်။ ထို့နောက် ထောက်လှမ်းရရှိသောသတင်းအရ ရန်သူကို တိုက်ခိုက်ရှင်းလင်းသည်။ ထို့နောက် အာဖဂန် အခြေစိုက်စခန်းမှ ထိန်းချုပ်မှုကို ပြောင်းလဲရယူပြီး မြေပြင်သို့ဆင်းသက်စေသည်။ ဤသို့ဖြင့် ဝေးလံသောဒေသမှရန်သူများကို တိုက်ခိုက်ခြေမှုန်းကြသည်။

ီDrone Line-of-Sight Operation

Drone လေယာဉ်များကို ရှေ့တန်းစစ်မျက်နှာမှ တိုက်ရိုက်ထိန်းချုပ်ကာ ရန်သူကို ရှာဖွေထောက်ထှမ်းခြင်း၊ တိုက်ခိုက်ခြေမှုန်းခြင်းလုပ်ငန်းစဉ်ကို Line-of-Sight Operation ဟု ခေါ်ပါသည်။
ရှေ့တန်းစစ်မြေပြင်ရှိ တပ်စိတ်တစ်ခုသည် မိမိချီတက်မည့်လမ်းကြောင်း (သို့) ပတ်ဝန်းကျင်အနေအထားကို လေ့လာရန်အတွက် ရှေ့ပြေးပွိုင့်ကင်းထောက် စေလွှတ်ပါက မတော်တဆထိခိုက်ကျဆုံးမှုရှိနိုင်သည်။ ထို့ကြောင့် Drone (RC-Plane) တွင် Wireless Camera တပ်ဆင်ကာ ထောက်လှမ်းရန်စေလွှတ်ပါက များစွာ အကျိုးကျေးဇူးရှိပေသည်။ ထို့ပြင် လက်နက်များပါ တပ်ဆင်ခြေမှုန်းစေပါက မိမိဘက်မှ စစ်သည်ဆုံးရှုံးမှုမရှိပဲ အောင်ပွဲကို ရရှိစေမည်ဖြစ်ပါသည်။

Sunday, September 14, 2014

Drone Operation

Drone လေယာဉ်များကို မောင်းနှင်ထိန်းချုပ်နည် (၂)နည်းရှိပါတယ်။
(၁) Line-of-Sight ရှေ့တန်းစစ်မြေပြင်မှ တိုက်ရိုက်ထိန်းချုပ်နည်း
(၂) Beyond Line-of-Sight (or) Remote-Split-Sight ရှေ့တန်းနှင့်တွဲကာ နောက်တန်းအခြေစိုက်စခန်းမှ ထိန်းချုပ်နည်း တို့ဖြစ်သည်။

Friday, September 12, 2014

DRONE မောင်းသူမဲ့လေယာဉ်

RC Plane များကို အပျော်တမ်းဝါသနာအရ ဆော့ကစားစရာအဖြစ် သင်တွေးထင်လားလျှင် များစွာမှားယွင်းသွားပါလိမ့်မည်။ RC Plane များကို စစ်မက်ဖြစ်ပွားရာတွင် တိုက်ခိုက်ရေးလက်နက်အဖြစ် များစွာ အသုံးပြုနေကြပါပြီ။ ထိုသို့ ကြီးကျယ်သောကိစများတွင် အသုံးပြုနေကြသောကြောင့် RC Plane ဟု ခေါ်တွင်ခြင်းမပြုကြပဲ အမေရိကန်အပါအ၀င် အနောက်နေတိုးအုပ်စုက Drone ဟု၎င်း၊ Israel နိုင်ငံတွင် Heron TP UAV (UAV-Unmanned Aerial Vehicles) ဟု၎င်း၊ တရုတ်နိုင်ငံက Silver Eagle ဟု ခေါ်ဝေါ်ကြသည်။ သာမာန် RC Plane များတွင် Camera များ၊ Sensor များတပ်ဆင်ကာ ရှေ့တန်းစစ်မြေပြင်တွင် ကင်းထောက်ခြင်းလုပ်ငန်းများတွင်၎င်း၊ ဒုံးကျည်များတပ်ဆင်ကာ ရန်သူကိုရှာဖွေခြေမှုန်းခြင်းလုပ်ငန်းများပါ လုပ်ဆောင်စေပါသည်။ သာမန် RC Plane များသည် ပျံသန်းချိန်နှင့် ထိန်းချုပ်အကွာအဝေးတို့သည် တိုတောင်းသောကြောင့် ပြုပြင်မွမ်းမံများစွာဖြင့် အဆင့်မြှင့်ခဲ့ကြသည်။ ကြာရှည်စွာပျံသန်းနိုင်ရန် Gas Engine နှင့် Turbine Engine အသေးစားများ တပ်ဆင်ကြသည်။ ထိန်းချုပ်ဧရိယာ ကျယ်ပြန့်စေရန် GPS (Global Positioning satellite) နှင့် တွဲဖက်ကာ GAAS (General Atomics Aeronautical System) ကိုတပ်ဆင်ကြသည်။ ထိုအခါ RC Plane များသည် တိုက်လေယာဉ်ပျံကြီးများနှင့်မခြား ထိရောက်စွာ ပျံသန်းထိန်းချုပ်နိုင်ကြသည်။ တိုက်လေယာဉ်ပျံကြီးများသည် တန်ဖိုးကြီးမားခြင်း၊ မောင်းနှင်သောလေသူရဲ Pilot အား ကာလကြာရှည်စွာ သင်တန်းပေးရခြင်း၊ ရန်သူ့နယ်မြေတွင် လေယာဉ်ပျံပျက်ကျပါက ၄င်းလေသူရဲအား ရှာဖွေကယ်တင်ရခြင်း၊ ရန်သူလေယာဉ်ပျံမှ ပစ်လွှတ်လိုက်သော (Air to Air) ဒုံးကျည်နှင့် မြေပြင်မှပစ်လွှတ်လိုက်သော (Ground to Air) ဒုံးကျည်များအတွက် ပစ်မှတ်ဧရိယာ ကြီးမားခြင်း၊ ရန်သူ့ Radar မှ အလွယ်တကူ ထောက်လှမ်းနိုင်ခြင်း စသော အချက်များစွာ ရှိပါသည်။ မောင်သူမဲ့လေယာဉ်များသည် တန်ဖိုးနဲပါးခြင်း၊ မြေပြင်အခြေစိုက်စခန်းမှ ထိန်းချုပ်မောင်းနှင် ရသောကြောင့် အသက်ဆုံးရှုံးမှုမရှိခြင်း။ ထိန်းချုပ်မောင်းနှင်ရန်အတွက် လွယ်ကူသောကြောင့် Pilot များကို သင်တန်းပေးကာလ တိုတောင်းခြင်း၊ ဒုံးကျည်များ၊ ရေဒါများ အတွက် ပစ်မှတ်ဧရိယာသေး ငယ်ခြင်း စသော အချက်များကြောင့် နိုင်ငံစစ်တပ်များစွာသည် Drone လေယာဉ်များကို ပိုင်ဆိုင်ရန် ကြိုးစားလျှက် ရှိကြသည်။ ယမန်နှစ်က တစ်ကမ္ဘာ့လုံး Drone လေယာဉ်ရောင်းဝယ်မှုသည် ယူရို ပေါင် ၅ ဘီလီယံကျော် ရှိခဲ့သည်။ ၀ယ်လိုအားသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လျှက်ရှိသည်။

Friday, August 16, 2013

Four Stroke Engine

Stroke ဆိုတာက Engine ထဲက Piston အပေါ်တက်ခြင်း၊ အောက်ဆင်းခြင်းကို ခေါ်တာပါ။ Two Stroke Engine မှာ Piston အပေါ်တက်တဲ့ Compression Stroke နဲ့ Piston အောက်ကိုဆင်းတဲ့ Power Stroke ဟူ၍ နှစ်မျိုးသာပါရှိပါတယ်။ Crankshaft တစ်ပတ်လည်တိုင်း Power တစ်ခါရပါတယ်။ Four Stroke Engine မှာ Stroke လေးမျိုးရှိပါတယ်။ ပထမစစချင်း Piston အောက်သို့ဆင်းတဲ့ Intake Stroke ၊ ဒုတိယ Piston အပေါ်သို့တက်တဲ့ Compression Stroke ၊ တတိယ Piston အောက်ကိုဆင်းတဲ့ Power Stroke ၊ စတုတ္ထ Piston အပေါ်သို့တက်တဲ့ Exhaust Stroke တို့ဖြစ်ပါသည်။ Crank Shaft ပထမတစ်ပါတ်တွင် Intake Stroke နှင့် Compression Stroke ဖြစ်ပေါ်စေပြီး ဒုတိယအပါတ်မှာ Power Stroke နှင့် Exhaust Stroke ဖြစ်ပေါ်စေပါသည်။ ဒါကြောင့် Four Stroke Engine မှာ Crankshaft နှစ်ပါတ်လည်မှ Power တစ်ကြိမ်သာရပါတယ်။ Crankshaft မှာတပ်ဆင်ထားတဲ့ Flywheel က Power Stroke မှာရရှိတဲ့အား သိမ်းထားပြီး Crankshaft ကို ထပ်မံလည်ပါတ်စေကာ Exhaust Stroke ၊ Intake Stroke နှင့် Compression Stroke တွေကို ဖြစ်ပေါ်စေပါတယ်။
မထမဦးစွာ Piston ဟာ Cylinder အတွင်း ထိပ်ဆုံးနေရာ TDC (Top Dead Center) တွင် ရှိနေချိန်မှာ Intake Valve နဲ့ Exhaust Valve တို့ဟာပိတ်နေပါတယ်။
Piston သည် TDC မှ အောက်သို့စဆင်းသောအခါ Intake Valve သည် ပွင့်သွားပါသည်။ ထိုအခါ Carburetor မှ လောင်စာလေအရောဟာ Engine Cylinder အတွင်းသို့ ၀င်ရောက်လာပါတယ်။ ၎င်းသည် Intake Stroke ဖြစ်ပါသည်။ Piston သည် Cylinder အတွင်း အောက်ဆုံးအနေအထား BDC (Bottom Dead Center) သို့ ရောက်သောအခါ Intake Valve သည် ပိတ်သွားပါသည်။
Piston သည် BDC မှ အပေါ်သို့ပြန်တက်သောအခါ Intake Valve နှင့် Exhaust Valve တို့သည် ပိတ်နေပြီး Cylinder အတွင်းရှိ လောင်စာလေအရောအား Compress ဖိသိပ်ပါသည်။ ၎င်းသည် Compression Stroke ဖြစ်ပါသည်။
Piston သည် TDC သို့ရောက်သောအခါ Cylinder အတွင်း ဖိသိပ်ခံထားရသော လောင်းစာလေ အရောအား Gas Engine တွင် Spark Plug မှ၎င်း Glow Engine တွင် Glow Plug မှ မီးရှို့ပေး ပြီး ပေါက်ကွဲစေပါသည်။ ပေါက်ကွဲမှုကြောင့် Gas များသည် Expand ကျယ်ပြန်လာကာ Piston အား အားဖြင့် အောက်သို့ဖိချပါသည်။ ၎င်းင်းသည် Power Stroke ဖြစ်ပါသည်။
 
Piston သည် Expand Gas ဖိအားကြောင့် အောက်သို့ဆင်းလာပြီး BDC နားသို့ရောက်သောအခါ Exhaust Valve သည် ပွင့်သွားပါသည်။ ထိုအခါ Expand Gas သည် ပြင်ပလေထုဖိအားထက် များနေသောကြောင့် Exhaust Port မှ လေထုထဲသို့ တိုးထွက်သွားပါသည်။
ထို့နောက် Piston သည် BDC မှ အပေါ်သို့ပြန်တက်သောအခါ Cylinder အတွင်းရှိ လက်ကျန် Gas များကို Exhaust Port မှ လေထုထဲသို့ တွန်းထုတ်ပါသည်။ ၎င်းသည် Exhaust Stroke ဖြစ်ပါသည်။ Piston သည် TDC သို့ရောက်သောအခါ Exhaust Valve သည် ပိတ်သွားပါသည်။ ထို့နောက် Piston အောက်သို့ပြန် ဆင်းသောအခါ Intake Valve သည် ပြန်ပွင့်သွားပြီး Intake Stroke အား ပြန်လည်စတင်ပါသည်။ ၎င်းတို့ မှာ Four Stroke Engine အလုပ်လုပ်ပုံ အခြေခံသဘောတရားများဖြစ်ပါသည်။ Valve အလုပ်လုပ်ပုံ တင်ပြပါမည်။

Cam Wheel သည် ဘဲဥပုံ ရှိပါသည်။ Cam Wheel အား Camshaft တွင်တပ်ဆင်ထားသည်။ Camshaft အား Gear ပင်နယံဖြင့် Crankshaft နှင့်ချိတ်ဆက်ကာ လည်ပတ်စေပါသည်။ Cam Wheel လည်ပတ်သောအခါ မျက်နှာပြင်မညီမှုကြောင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပါသည်။ Cam Wheel မျက်နှာပြင် နိမ့်နေသောအခါ Push Rod သည် အောက်သို့ကျနေပါသည်။ ထိုအခါ Valve သည် Spring ကန်အားကြောင့် ပိတ်နေပါသည်။ Cam Wheel မျက်နှာပြင်မြင့်သောအခါ Push Rod သည် အပေါ်သို့ တက်ပြီး Rocker Arm အားတွန်းပါသည်။ တဖန် Rocker Arm သည် Valve အား Spring အားကိုကျော် လွန်၍တွန်းပါသည်။ ထိုအခါ Valve သည် ပွင့်သွားပါသည်။ Two Stroke Engine သည် ဤအစိတ်အပိုင်း များမပါဝင်၍ Engine အလေးချိန် ပိုမိုပေါ့ပါးပါသည်။

Thursday, August 15, 2013

Two Stroke Engine

Stroke ဆိုသည်မှာ Engine Cylinder အတွင်းရှိ Piston အတက်အဆင်းပြုလုပ်ခြင်းအား Stroke ဟုခေါ်ပါသည်။ Two Stroke Engine တွင် Piston အပေါ်တက်သော Stroke တိုင်းသည် Compression Stroke ဖြစ်ပြီး Piston အောက်သို့ဆင်းသော Stroke တိုင်းသည် Power Stroke ဖြစ်ပါသည်။ Cylinder နံရံအောက်ခြေတွင် Intake port လေ၀င်ပေါက် ဖောက်ထားပြီး ၎င်းထက်အနဲငယ်မြင့်သောနေရာတွင် Exhaust Port စွန့်ထုတ်လေပေါက် ကို ဖောက်ထားပါသည်။
ပထမဦးစွာ Piston သည် အပေါ်သို့တက်သောအခါ Crank case အတွင်း လေဟာနယ်ဖြစ်ပေါ်သွား ပါသည်။ ထိုလေဟာနယ်ထဲသို့ ပြင်ပမှလေများသည် Carburettor လောင်စာနှင့်လေရောနှောကရိယာ ကိုဖြတ်၍ လောင်စာဆီငွေ့နှင့်ရောနှောပြီး တစ်ဘက်သွားအဆို့ရှင် One Way Check Valve ကိုဖြတ်၍ ၀င်ရောက်လာပါသည်။ Piston သည် အပေါ်ဆုံး TDC (Top Dead Center) သို့ရောက်ရှိပြီး အောက်သို့ ပြန်ဆင်းလာသောအခါ အဆို့ရှင်သည် ပိတ်သွားပြီး Crank Case အတွင်းရှိ လောင်စာလေအရောအား Compress ဖိသိပ်ပါသည်။
Piston သည် BDC (Bottom Dead Center) သို့ရောက်ရှိသောအခါ Intake Port သည် ပွင့်သွားပြီး Crank Case အတွင်းရှိ ဖိသိပ်ခံထားရသော လောင်စာလေအရောသည် Cylinder အတွင်းသို့ ၀င်ရောက်လာသည်။
Piston သည် အပေါ်သို့ပြန်လည်တက်သောအခါ Intake Port နှင့် Exhaust Port တို့သည် ပိတ်သွားပြီး Cylinder အတွင်းရှိ လောင်စာလေအရောအား ဖိသိပ်ပါသည်။ Piston ထိုသို့အပေါ်တက်သောအခါ Crank Case အတွင်းသို့ လောင်စာလေအရော အသစ်များ ၀င်ရောက်လာပါသည်။
Piston သည် အမြင့်ဆုံးအနေအထား TDC သို့ရောက်ရှိသောအခါ Gas Engine တွင် Spark Plug မှ၎င်း Glow Engine တွင် Glow Plug မှ၎င်းင်း ဖိသိပ်ခံ လောင်စာလေအရောအား မီးရှို့ပေးပါသည်။ ထိုအခါ လောင်စာလေအရောသည် လောင်ကျွမ်းပေါက်ကွဲပြီး Expand ကျယ်ပြန့်လာကာ Piston အား အားဖြင့် အောက်သို့ဖိချပါသည်။ Piston အောက်သို့ဆင်းသောအခါ Crank Case အတွင်းရှိ အသစ်ဝင်လာသော လောင်စာလေအရောအား ဖိနှိပ်ပါသည်။
Piston သည် အောက်သို့ဆက်လက်ရွေ့လျားလာရာ Exhaust Port သည် အရင်ပွင့်သွားပါသည်။ ထိုအခါ လောင်ကျွမ်းပြီး Gas များသည် ပြင်ပလေထုဖိအားထက် များသောကြောင့် ပြင်ပလေထုအတွင်း ထွက်သွားပါသည်။
Piston သည် အောက်သို့ ဆက်လက်ရွေ့လျားလာရာ BDC အနီးတွင် Intake Port ပါပွင့်သွားပါသည်။ ထိုအခါ Crankcase အတွင်းရှိ ဖိသိပ်ခံထားရသော လောင်စာလေအရော အသစ်သည် Intake Port မှ ၀င်ရောက်လာပြီး Cylinder အတွင်းရှိ လေင်ကျွမ်းပြီးလက်ကျန် Gas များအား Exhaust Port မှ တွန်းထုတ်ကာ Cylinder အတွင်း ၀င်ရောက်နေရာယူပါသည်။
ထို့နောက် Piston သည် Crank Arm ၏ Flywheel အားကြောင့် အပေါ်သို့တက်ပြီး Cylinder အတွင်းရှိ လောင်စာလေအရောအား ဖိသိပ်ပြီး Crankcase အတွင်းသို့ လောင်စာလေအရောအသစ်အား ၀င်ရောက်လာစေပါသည်။ ဤသို့ဖြင့် Piston သည် အပေါ်အောက်လှုပ်ရှားပြီး Connecting rod မှတဆင့် Crank Shaft ကို လည်ပတ်စေပါသည်။ Two Stroke RC Plane Engine များတွင် ချောဆီ Engine Oil ကို သီးသန့်ထည့်သွင်းအသုံးမပြုပေ။ ချောဆီအား လောင်စာဆီထဲတွင် အချိုးကျ ရောစပ်ထားပါသည်။ ချောဆီငွေ့သည် လောင်စာဆီငွေ့နှင့်အတူ Engine အတွင်းဝင်ရောက်ပြီး ထိတွေ့ရာမျက်နှာမျက်နှာပြင်များတွင် တွယ်ကပ်ပါသည်။ ထို့ကြောင့် Cylinder နံရံ၊ Piston နှင့် အခြားသော လည်ပတ်သည့်အစိတ်အပိုင်းများအား Corosion ပွန်းစားမှုမှ ကာကွယ်ပေးပါသည်။

Wednesday, August 14, 2013

Engine External Parts

Muffler မှာ အသံလုံကရိယာဖြစ်ပြီး အင်ဂျင်သံဆူညံမှုကို လျှော့ချပေးပါသည်။
Idle Stop Screw သည် အင်ဂျင်အပတ်ရေ အနဲဆုံးဖြင့် လည်ပတ်နေအောင် ချိန်ညှိပေးရသော ၀က်အူဖြစ်ပါသည်။ ဆိုင်ကယ်နှင့်ကားအင်ဂျင်တွင် Slow Jet ဟုခေါ်ပါသည်။
Idle Mixture Screw သည် Carburettor မှ လောင်စာဆီနှင့် လေ အချိုးကျရောစပ်မှု အကောင်းဆုံးချိန် ညှိပေးရသော ၀က်အူဖြစ်ပါသည်။ ဆိုင်ကယ်နှင့် ကားအင်ဂျင်များတွင် Air Jet ဟုခေါ်ပါသည်။
Throttle Arm သည် အင်ဂျင်လည်ပတ်ရေ အနှေးအမြန်ပြုလုပ်ပေးသောမောင်းတံဖြစ်ပါသည်။ ၄င်းမောင်းတံအား Servo Motor Arm ဖြင့်ချိတ်ဆက်၍ အင်ဂျင်အနှေးအမြန် ပြုလုပ်ပါသည်။
Prop Shaft သည် ၀င်ရိုးဖြစ်ပြီး ၄င်းဝင်ရိုးတွင် ပန်ကာကိုတပ်ဆင်ရပါသည်။
Carburettor သည် လောင်စာဆီနှင့် လေကို ရောနှောပေးပါသည်။
Crankcase သည် အင်ဂျင်အထိုင်အိမ်ခွံဖြစ်ပါသည်။
Needle Valve သည် အင်ဂျင်ရပ်နားထားသောအခါ ဆီတိုင်ကီမှ လောင်စာဆီများ Carburettor ထဲသို့ မ၀င်ရောက်နိုင်ရန် ပိတ်ပေးသော လက်လှည့်အဆို့ဖြစ်ပါသည်။
Head သည် အင်ဂျင်ထိပ်ပိုင်းဖြစ်ပါသည်။
Glow Plug သည် လောင်စာဆီအား မီးရှို့ပေးပါသည်။

Engine


အသေးစား RC Plane များတွင် Electric Motor ကို အသုံးပြုသော်လည်း အလတ်စားနှင့် အကြီးစား RC Plane များတွင် Engine ကို အသုံးပြုသည်။ လူစီးလေယာဉ်ပျံကြီးများနှင့် ပုံစံတူစကေး ကိုက် ပြုလုပ်ထားသော အကြီးစား RC Plane များတွင် Power များစွာလိုအပ်ပါသည်။ ထိုလိုအပ်သော Power အား မော်တာမှရယူပါက Motor နှင့် Battery အလေးချိန်သည် လွန်စွာများပြားမည်ဖြစ်ပါသည်။ ထို့ကြောင့် Engine ကို အသုံးပြုကြပါသည်။ Engine များသည် အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် Internal Combustion Engine များဖြစ်ကြပြီး Two Stoke Engine နှင့် Four Stoke Engine ဟူ၍ (၂)မျိုး ရှိပါသည်။ ထို အင်ဂျင်(၂)မျိုးစလုံးတွင် အသုံးပြုသောလောင်စာဆီ Fuel ပေါ်မူတည်၍ ကွဲပြားပါသည်။ Gas Engine သည် ဓါတ်ဆီ Gasoline ကိုအသုံးပြုပါသည်။ Glow Engine သည် Methanol အခြေခံ Nitromethane Fuel လောင်စာဆီကို အသုံးပြုပါသည်။ Gas Engine ၏ အားသာချက်မှာ လောင်စာဆီ တန်ဖိုးနည်းခြင်း၊ Shaft ၀င်ရိုးမှ Torque လိမ်ပတ်အား များစွာထုတ်ပေးနိုင်ခြင်းတို့ဖြစ်ပြီး အားနဲချက်များမှာ Engine ထုထည်ကြီးမားခြင်း၊ Shaft လည်ပတ်သောအပတ်ရေ RPM နဲပါးခြင်း၊ Engine တွင် မီးပေါက်ရန် အသုံးပြုသော Spark Plug နှင့် လျှပ်စစ်အစိတ်အပိုင်းတို့မှ Receiver အား နှောက်ယှက်လှိုင်း Radio Interference from Ignition Sources ထုတ်လွှတ်ခြင်း တို့ဖြစ်ပါသည်။ Glow Engine ၏ အားသာချက်မှာ RPM တစ်သောင်းကျော် လည်ပတ်နိုင်ခြင်း၊ Engine ကျစ်လစ်ပေါ့ပါးခြင်း၊ Glow Plug တွင် လျှပ်စစ်ဆိုင်ရာအစိတ်အပိုင်းများမပါဝင်၍ နှောက်ယှက်လှိုင်းထုတ်လွှင့်ခြင်း မရှိခြင်းတို့ဖြစ်ပါသည်။ အားနဲချက်မှာ အသုံးပြုသော လောင်စာဆီသည် ဓါတ်ဆီထက် (၁၀)ဆကျော် ဈေးကြီးခြင်းဖြစ်ပါသည်။ Engine များ၏ အရွယ်အစားမှာ နှစ်လက်မခွဲမှ ခြောက်လက်မအတွင်းသာ ရှိပါသည်။

Tuesday, August 13, 2013

Delta RC Plane



Delta RC Planes များသည် RC Planes မောင်းသူအား ပျော်ရွှင်မှုကို များစွာပေးစွမ်းနိုင်ပါသည်။ ၄င်းတွင် Delta ပုံသဏ္ဍန် တောင်ပံ Main Wing ၊ အထက်အောက်လှုပ်ရှားသော အပိုတောင်ပံငယ် Elevons တစ်ခုစီနှင့် Vertical Stabilizer သာပါဝင်ပါသည်။ Elevons အား Main Wing ၏ နောက်ဘက်တွင် တပ်ဆင်ထား ပါသည်။ Elevons တစ်ဘက်စီအား Servo Motor တစ်လုံးစီဖြင့် လှုပ်ရှားစေပါသည်။ Delta RC Planes များအတွက် Transmitter နှင့် Receiver သည် Channel သုံးခုသာ လိုအပ်ပါသည်။ Motor Speed အတွက် Channel တစ်ခု၊ Elevon တစ်ခုစီအတွက် Channel နှစ်ခု ဖြစ်ပါသည်။ Elevons များသည် ရိုးရိုး RC Plane တွင်တပ်ဆင်ထားသော Aileron, Rudder, Elevators တို့၏ လုပ်ဆောင်မှုမျိုးကို ရရှိစေပါသည်။ Elevon တစ်ခုစီအား သီးသန့် Servo Motor တစ်လုံးစီဖြင့် မောင်းနှင်သောကြောင့် Elevon တစ်ခုစီသည် လွတ်လပ်စွာလှုပ်ရှားပါသည်။ Elevons တို့သည် ပြိုင်တူ အပေါ်အောက်လှုပ်ရှားသောအခါ Elevator Function ဖြစ်ပေါ်စေပြီး အပေါ်အောက် ဆန့်ကျင်ဘက်လှုပ်ရှားသောအခါ Aileron Function ဖြစ်ပေါ်စေပါသည်။ Delta RC Planes အား ကွေ့လိုသောအခါ Aileron Function ဖြင့် ဦးစွာ ကွေ့လိုသောဘက်သို့ စောင်းရပါမည်။ ထို့နောက် Elevators Function ဖြင့် လေယာဉ်ဦးအားမော့ လိုက်သောအခါ လေယာဉ် သည် ရေပြင်ညီအတိုင်း ကွေ့သွားပါသည်။ ထို့နောက် Aileron Function ဖြင့် ပြန်တည့် လိုက်သောအခါ လေယာဉ်သည် မူလဦးတည်လမ်းကြောင်းမှ ပြောင်းလဲ သွားတာကို တွေ့ရမည်ဖြစ်ပါသည်။ Elevator Function နှင့် Aileron Function တို့အား Post အဟောင်းများတွင် လေ့လာနိုင်ပါသည်။ Delta RC Plane များတွင် ဘီးများတပ်ဆင်လေ့မရှိပဲ လက်မှကိုင်လွှတ်ပြီး မြေပေါ်သို့ လျှောတိုက်ဆင်းသက်စေပါသည်။

Monday, August 12, 2013

Transmitter Control Stick

Transmitter များတွင် အထက်အောက် ဘေးဘယ်ညာ လွတ်လပ်စွာလှုပ်ရှားနိုင်သော Control Stick နှစ်ခု ပါရှိပါသည်။ ဘယ်ဘက် Stick သည် Throttle နှင့် Rudder တို့ဖြစ်ပါသည်။ Stick အား အပေါ်သို့တွန်းပါက Motor Speed သည် မြန်မည်ဖြစ်ပြီး အောက်ချပါက Speed နှေးမည်ဖြစ်ပါသည်။ Stick အား ညာဘက်ဆွဲပါက RC Plane သည် ညာဘက်သို့ကွေ့ပြီး ဘယ်ဘက်ဆွဲပါက ဘယ်ကွေ့မည် ဖြစ်ပါသည်။ ညာဘက် Control Stick သည် Elevator နှင့် Aileron တို့ဖြစ်ပါသည်။ Stick အား အပေါ်သို့တွန်းပါက RC Plane သည် ဦးပိုင်းစိုက်မည်ဖြစ်ပြီး အောက်သို့ဆွဲပါက ဥိးပိုင်းထောင်မည် ဖြစ်ပါသည်။ Stick အား ဘယ်ဘက်ဆွဲပါက RC Plane သည် ဘယ်သို့စောင်းပြီး ညာဘက်ဆွဲပါက ညာသို့စောင်းမည်ဖြစ်ပါသည်။ Motor Speed အား ပုံသေထားလိုသောအခါ Throttle trim lever Slide bar control ဖြင့် ချိန်ညှိနိုင်သည်။ RC Plane ၏ Rudder တပ်ဆင်မှု အနဲငယ်လွဲမှားမှု (သို့) Rudder Servo Motor Arm အနဲငယ်လွဲမှားမှုတို့ကြောင့် Control Stick အား Center ထားသော်လည်း RC Plane သည် တည့်တည့်ပျံသန်းခြင်းမရှိသောအခါ Rudder Trim Lever ဖြင့် ချိန်ညှိနိုင်သည်။ Elevator အား ပုံမှန်အနေအထားရှိစေရန် Elevator Trim Lever ဖြင့် ချိန်ညှိရသည်။ မော်တာသည် အားဖြင့် ရုန်းကန်လည်ပတ်ရသောအခါ ပြောင်ပြန်အား Reverse Force ဖြစ်ပေါ်ပါသည်။ ပန်ကာသည် ညာလည်သောအခါ ပြောင်းပြန်အားကြောင့် မော်တာနှင့်တွဲ ထားသော လေယာဉ်ပျံသည် ဘယ်ဘက်သို့ လည်အားသက်ရောက်ပါသည်။ ထိုသို့ ဘယ်ဘက်သို့ မလူးစေရန် Aileron Trim Lever ဖြင့် ချိန်ညှိရပါသည်။ လေယာဉ်ဘီး အတင်အချပြုလုပ်ရန် Retractable landing gear switch ၊ မော်တာအား လုံးဝရပ်တန့်ရန် Throttle cut switch ၊ Flap အတင်အချပြုလုပ်ရန် Flap control dial ၊ Throttle နှင့် Rudder / Elevator နှင့် Aileron တို့အား ဘယ်ညာပြောင်းထိန်းချုပ်ရန် Mode key ၊ လေယာဉ်အား ကွေ့ရာတွင် အလွယ်တကူ စောင်းပြီးကွေ့ရန်ကဲ့သို့ ထည့်ထားသော Program များအား ရွေးရန် Select key ၊ Data input lever တို့ ပါဝင်ပါသည်။ RC Plane အား ဂျွမ်းထိုးရန်၊ Rolling ပြုလုပ်ရန်၊ Stall ဖြေရန် ၊ စောင်းကွေ့ရန် Control Stick ဖြင့် ထိန်းချုပ်နိုင်သော်လည်း လွယ်ကူလျှင်မြန်စွာ ထိန်းကျောင်းနိုင်ရန် Program Memory ကို ထည့်သွင်းအသုံးပြုကြသည်။

Transmitter

ပျံသန်းနေသော RC Plane အား မြေပြင်မှထန်းချုပ်သောအရာမှာ Transmitter ဖြစ်ပါသည်။ Transmitter သည် ရေဒီယိုအချက်ပြလှိုင်းများကို RC Plane တွင်တပ်ဆင်ထားသော Receiver သို့ ပေးပို့ပါသည်။ Transmitter အများစုသည် FM (Frequency Modulation) စနစ်ဖြင့် ထုတ်လွှင့်ပေးပါသည်။ လှိုင်းအလျားမှာ 2.4 GHz & 72 MHz တို့ကို အများဆုံး အသုံးပြုကြသည်။ RC Plane များအတွက် သီးသန့်ထုတ်လုပ်ထားသော Transmitter များကိုသာ အသုံးပြုရပါမည်။ Receiver သည် Transmitter နှင့် ကိုက်ညီမှု ရှိရပါမည်။ Channel အား 3Ch မှ 9Ch ထိ အမျိုးအစားကွဲပြားပါသည်။ အဆင့်ပြင့် Transmitter များတွင် Computer Memory Program များ ထည့်သွင်းနိုင်ပြီး အဆင့်မြင့် RC Plane များ ပျံသန်းမှုထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေပါသည်။

Saturday, August 10, 2013

Electronic Wiring



ပန်ကာ Propeller

RC Plane ပန်ကာများအား Composive Fiber ဖြင့်ပြုလုပ်ထားပြီး Motor ၀င်ရိုးတွင်တပ်ဆင်ရပါသည်။ ပန်ကာတွင် ဒလက် Blade (၂)ခု၊ (၃)ခုနှင့် (၄) တို့ပါဝင်ပြီး ဒလက် (၂)ခုမှာ အသုံးအများဆုံးဖြစ်ပါသည်။ ပန်ကာ Size အား 6 x 3 , 6 x 4 , 10 x 4.2 စသည်ဖြင့် သတ်မှတ်ပါသည်။ ရှေ့နံပါတ်သည် ပန်ကာတစ်ခု လုံး၏အရှည် လက်မ inches ဖြစ်ပြီး နောက်နံပါတ်သည် Motor ၀င်ရိုးတွင်တပ်ဆင်မည့် အပေါက်၏ အချင်း Diameter ကို မီလီမီတာ (mm) ဖြင့် ဖေါ်ပြခြင်းဖြစ်ပါသည်။ 6 x 3 Propeller သည် အရှည် (၆)လက်မရှိပြီး အလယ်အပေါက်မှာ (၃)မီလီမီတာ အချင်းရှိပါသည်။ Motor လည်ပတ်မှုလားရာ Direction ပေါ်မူတည်၍ ပုံမှန်ညာလည် Normal Counter နှင့် ပြောင်းပြန်ဘယ်လည် Reverse Counter ဟူ၍ ခွဲခြားထုတ်လုပ်ပါသည်။ High Speed RC Plane များအတွက် Blade Design သီးသန့်ထုတ်လုပ်ပါသည်။

Battery

RC Plane များတွင် အသုံးပြုသော Battery သည် အားသွင်းဘက်ထရီ Recharable Battery အမျိုးအစားဖြစ်ပါသည်။ 11.7V DC ထုတ်ပေးပါသည်။ Battery (၃)မျိုးရှိပါသည်။ (၁) LiPoly (Lithium Polymer) Battery (၂) NiCad (Nickel Cadmium) Battery (၃) NiMH (Nickel Metal Hydride) Battery တို့ ဖြစ်ကြပါသည်။ LiPoly Battery သည် အသုံးအများဆုံးဖြစ်ပါသည်။ Battery Power အား mAH (mili Ampere Hour) ဖြင့် သတ်မှတ်ပါသည်။ တစ်နာရီစာ အချိန်အတွက် အများဆုံးသုံးစွဲနိုင်သော မီလီအပ်ပီယာကို ဖေါ်ပြခြင်းဖြစ်ပါသည်။ 1200 mAH Battery သည် တစ်နာရီစာအတွက် 1.2 Ampere ကိုထုတ်ပေးနိုင်ပြီး သင့် RC Plane သည် 12 Ampere သုံးစွဲပါက (၆)မိနစ် ပျံသန်းနိုင်ပါမည်။ Battery Power ကို မိမိပျံသန်းလိုသောအချိန်နှင့် RC Plane မှ သယ်ဆောင်နိုင်သောအလေးချိန်ပေါ် မူတည်၍ ရွေးချယ်တပ်ဆင်နိုင်ပါသည်။

Receiver

မြေပြင်ထိန်းချုပ်ပစ္စည်းဖြစ်သော Transmitter မှပို့လွှတ်လိုက်သော Radio Wave Data အချက်အလက်များကို လက်ခံရယူပြီး သက်ဆိုင်ရာအစိတ်အပိုင်းတို့အား ထန်းချုပ်ပေးသောအရာမှာ Receiver ဖြစ်ပါသည်။ RC Plane များတွင် သက်ဆိုင်ရာအစိတ်အပိုင်းတစ်ခုစီကိုထိန်းချုပ်ရန် Channel တစ်ခုစီ လိုအပ်ပါသည်။ Basic RC Plane များတွင် Motor Speed ထိန်းချုပ်ရန် ESC အတွက် Channel တစ်ခု၊ အတက်အဆင်းပြုလုပ်ရန် Elevator Servo Motor အတွက် Channel တစ်ခု၊ ဘယ်ညာလူးရန် Aileron Servo Motor အတွက် Channel တစ်ခု၊ ဘယ်ညာကွေ့ရန် Rudder Servo Motor အတွက် Channel တစ်ခု စုစုပေါင်း Channel လေးခုလိုအပ်ပါသည်။ Flaps, Landing Gear တို့ကိုတပ်ဆင် ထားပါက ၄င်းတို့အတွက် Channel များ ထပ်မံလိုအပ်မည်ဖြစ်ပါသည်။ မိမိအသုံးပြုလိုသော Channel အရေတွက်ပေါ်မူတည်၍ Receiver များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ Receiver အတွက် Supply 5V ကို ESC သို့မဟုတ် Voltage Regulator မှ ရယူပါသည်။

Servo Motor



Servo Motor အား Aileron, Elevators, Rudder, Flaps စသည်တို့လှုပ်ရှားရန်အတွက် အသုံးပြုသည်။ Servo Motor တွင် Motor အသေးတစ်လုံးပါရှိပြီး Gear များဖြင့် အပတ်ရေလျော့ချကာ နောက်ဆုံး Gear တွင် လက်တံ Arm တစ်ခုတပ်ဆင်ထားပါသည်။ ၄င်း Arm မှ ထိုးတံ Push Rod ဖြင့် လှုပ်ရှားစေလိုသော အစိတ်အပိုင်းအား လှုပ်ရှားစေပါသည်။ Servo Motor Arm ၏ လှုပ်ရှားလည်ပတ်မှု ထောင့် Angle Degree ကို ထိန်းချုပ်ထားပါသည်။ Servo Motor အတွက် Supply Volt 5V ကို Receiver မှ ရယူပါသည်။ Arm ဘယ်၊ညာလှုပ်ရှားမှုကို Receiver မှ Data ပို့လွှတ်ပြီး ထိန်းချုပ်ပါသည်။ Servo Motor တစ်လုံး၏ စွမ်းဆောင်ရည်ကို Arm မှ တွန်းနိုင်ဆွဲနိုင်သော အလေးချိန် gram အပေါ်တွင် သတ်မှတ်ပါသည်။ ဥပမာ- အသုံးအများဆုံး 9g Servo Motor သည် ၄င်း Arm မှ 9 gram အလေးချိန်ကို တွန်းနိုင် ဆွဲနိုင်ပါသည်။ Servo Motor တွင် Receiver နှင့်ဆက်သွယ်ရန် ၀ါယာကြိုး ၃ချောင်းပါ Connection တစ်ခု ပါရှိပါသည်။ အဆင့်မြင့် Gas Engine RC Plane များတွင် Engine Throttle Valve အဖွင့်အပိတ်နှင့် Landing Gear ဘီးများကို အတင်အချပြုလုပ်ရန် Servo Motor ကို အသုံးပြုပါသည်။

ESC (Electronic Speed Control)

Motor Speed ကိုထိန်းချုပ်ရန်  ESC (Electronic Speed Control) ကို အသုံးပြုသည်။ ESC တွင် Battery နှင့်ဆက်သွယ်ရန်Connection ၂ခု (Positive Volt + , Negative Volt -) ၊ Receiver နှင့်ဆက်သွယ်ရန် Connection ၃ခု (+,- , Data) ၊ Motor နှင့်ဆက်သွယ်ရန် Connection ၃ခု (R,S,T) ပါရှိပါသည်။ ESC သည် Receiver မှပေးပို့သောအချက်ပြ Signal အတိုင်း Battery မှ Supply Volt အား Motor သို့ Phase အစဉ်အတိုင်း ပို့ပြီး Motor Speed အား ထိန်းချုပ်ပါသည်။ ESC တစ်ခု၏ စွမ်းဆောင်ရည်အား Motor အား လျှပ်စီးကြောင်း Current အများဆုံးပေးနိုင်သည့်အပေါ်တွင် မူတည်၍ သတ်မှတ်ပါသည်။ RC Plane တွင်တပ်ဆင်ထားသော Motor ၏ Power Watt အပေါ်တွင်မူတည်၍ ESC ကို ရွှေးချယ်တပ်ဆင်ရပါသည်။ တပ်ဆင်ထားသော Motor သည် 300 Watt ရှိပါက Supply Volt 11V ဖြင့် စားပါ။ Current Ampere 27.3 A ရပါသည်။ ထို Current ကို လုံလောက်စွာထိန်းကျောင်း နိုင်သော 30 A ESC ကို ရွေးချယ်တပ်ဆင်ရပါမည်။ ESC တွင် BEC (Battery Eliminator Circuit) Function ပါသောအမျိုးအစားနှင့် မပါသော အမျိုးအစားဟူ၍ (၂)မျိုးရှိပါသည်။ BEC စနစ်ပါသော ESC သည် Receiver နှင့် Servo Motor တို့၏ Supply Volt 5V ကို Receiver သို့ဆက်သွယ်သော Connection မှ ထုတ်ပေးပါသည်။ BEC စနစ်မပါသော ESC ကိုအသုံးပြုပါက Battery မှ 11.7 V ကို 5V သို့လျော့ချပေးသော Regulator သီးသန့်တပ်ဆင်ရပါသည်။

Brushless Motor



Carbon Brush အသုံးမပြုသော Motor ကို Brush Less Motor ဟု ခေါ်ပါသည်။ ၄င်းတွင် အလယ်အူတိုင် လည်သော Inner runner Motor နှင့် အပြင်အိမ်ခွံလည်သော Out runner Motor ဟူ၍ နှစ်မျိုးရှိပါသည်။ အထက်တွင်ဖေါ်ပြခဲ့သောပုံများမှာ Out runner Motor များဖြစ်ပါသည်။ Motor တွင် လည်ပတ်သော အပြင်အိမ်ခွံ Rotor တွင် သံလိုက်တုံးများအသေတပ်ဆင်ထားပါသည်။ အလယ်အူတိုင် Stator တွင် Coil များပတ်ထားပြီး Connection R,S,T သုံးစထုတ်ထားပါသည်။ Phase 1 အဖြစ် R Connection အား Positive Volt (+) , S Connection အား Negative Volt (-) အဖြစ် ပေးသွင်းပါသည်။ Phase 2 တွင် ( S + , T - ) နှင့် Phase 3 တွင် ( T + , R - ) ပေးသွင်းပါသည်။ ထို Phase အစဉ်လိုက် Volt ပေးသွင်းမှုကို Motor နှင့် သီးခြားတပ်ဆင်ရသော ESC ( Electronic Speed Control ) မှ ထိန်းချုပ်ပေးပါသည်။ ထိုသို့ Stator Coil ၏ Phase အစဉ်လိုက်ပြောင်းလဲမှုကြောင့် Stator ၏ သံလိုက်စက်ကွင်းသည်လည်း အစဉ် လိုက်ပြောင်းလဲနေပါသည်။ Rotor တွင်တပ်ဆင်ထားသော သံလိုက်တုံးများနှင့် ဆွဲငင်မှု၊ တွန်းကန်မှုများ ဖြစ်ပေါ်ကာ Rotor သည် လည်ပတ်ပါသည်။ Inner runner Motor တွင် အပြင်အိမ်ခွံ Stator သည် အသေဖြစ်ပြီး Coil များပတ်ထားပါသည်။ အလယ်ဝင်ရိုး Rotor တွင် သံလိုက်တုံးများ တပ်ဆင်ထားပြီး လည်ပတ်ပါသည်။ အလုပ်လုပ်ပုံသဘောတရားမှာ အတူတူပင်ဖြစ်ပါသည်။ Brush Less Motor များ၏ Speed အား Phase ပြောင်းလဲချိန် အနှေးအမြန်ဖြင့် ထိန်းချုပ်ပါသည်။ RC Plane များတွင် အများဆုံးအသုံးပြုပါသည်။ အသုံးပြုသော Volt အားမှာ DC 11V ဖြစ်ပါသည်။ Motor များ၏ စွမ်းဆောင် ရည်အား KV ဖြင့် သတ်မှတ်ပါသည်။ 1200 KV Motor များကို အများဆုံး အသုံးပြုကြပါသည်။ KV ဆိုသည်မှာ rpm (revolution per minute) / Supply Volt ဖြစ်ပါသည်။ 1200 KV Motor အား 1V ပေးသွင်းပါက 1200 rpm လည်ပတ်မည်ဖြစ်ပြီး 11V ပေးသွင်းပါက 13200 rpm လည်ပတ်မည်ဖြစ် ပါသည်။

Friday, August 9, 2013

Bursh Motor


RC Plane တွင် အသုံးပြုသော Motor များသည် DC ( Direct Current ) ကို အသုံးပြုသည်။ Motor တွင် Carbon brush အသုံးပြုသော Brush Motor နှင့် အသုံးမပြုသော Brush less Motor ဟု (၂)မျိုး ရှိပါသည်။ Brush Motor အကြောင်း တင်ပြပါမည်။ Motor တွင် သံလိုက်တုံးများအား မော်တာအိမ်ခွံ နံရံတွင် သံလိုက်ဝင်ရိုးစွန်းဆန့်ကျင်ဘက်အနေအထားဖြင့် အသေတပ်ဆင်ထားပါသည်။ အလယ်ဝင်ရိုး Armature တွင် Coil များပတ်ထားပါသည်။ ယင်း Coil များအား Commutator နှင့် Carbon Brush တို့မှ တဆင့် လျှပ်စီးစီးဝင်စေပါသည်။ Armature အား Volt အား Phase 1 ( +,-) ပေးလိုက်သောအခါ Armature တွင် သံလိုက်စက်ကွင်းဖြစ်ပေါ်စေပါသည်။ ထိုအခါ မော်တာအိမ်တွင် အသေတပ်ဆင် ထား သော သံလိုက်တုံးများဖြင့် သံလိုက်သဘောတရားအရ မျိုးတူဝင်ရိုးစွန်းများ တွန်းကန်ပြီး ဆန့်ကျင် ဘက်ဝင်ရိုးစွန်းများ ဆွဲငင်ကြပါသည်။ ထိုသို့ ဆွဲငင်တွန်းကန်ရာတွင် သံလိုက်တုံး၏မြောက်ဝင်ရိုးစွန်းနှင့် Armature ၏တောင်ဝင်ရိုးစွန်း၊ သံလိုက်တုံး၏ တောင်ဝင်ရိုးစွန်းနှင့် Armature ၏ မြောက်ဝင်ရိုးစွန်းတို့ တစ်တန်းတည်းကျသောအခါ Armature ၏ Commutator အနေအထားသည် ပြောင်းပြန်ဖြစ်သွား သည်။ ထိုအခါ Armature Coil ထဲသို့ လျှပ်စီးသည် Phase 2 ( - , + ) ဖြင့် စီးဝင်သွားသည်။ ထို့ကြောင့် Armature ၏ သံလိုက်ဝင်ရိုးစွန်းများသည်လည်း ပြောင်းပြန်ဖြစ်သွားကာ တစ်ဘက်သို့လည်ပါသည်။ ထိုအခါ Commutator သည် Phase 1 ( + , - ) ပြန်ဖြစ်သွားပြီး Armature သည် ဆက်လက်လည် ပတ်ပါသည်။ ဤသို့ဖြင့် Armature သည် ဆက်တိုက်လည်ပတ်နေပါသည်။ ပေးသွင်း Volt အား အနည်းအများဖြင့် Motor Speed ကို ထိန်းချုပ်ပါသည်။ Brush Motor ၏ အားနည်းချက်မှာ လည်ပတ်နေသော Armature Coil အား Carbon Brush ဖြင့် လျှပ်စီးစီးဝင်စေသောကြောင့် အချိန်ကြာ လာသောအခါ Carbon Brush ပွန်းစားမှုဖြစ်ပေါ်စေပါသည်။

ဘီး Landing Gear

Air Plane များ မြေပြင်ပေါ်သို့ဆင်းသက်ရန်အတွက် Landing Gear ဘီးများ တပ်ဆင်ထားသည်။ အများအားဖြင့် ဘီး(၃)ဘီး တပ်ဆင်ကြပါသည်။ လေယာဉ်ကိုယ်ထည်တွင် (၂)ဘီး၊ ဦးပိုင်း(သို့)အမြီးတွင် (၁)ဘီး တပ်ဆင်လေ့ရှိပါသည်။ ပုံမှန် RC Plane များတွင် ဘီးများကို အသေတပ်ဆင်ထားပါသည်။ အဆင့်မြင့် High Speed RC Plane များတွင်သာ လေယာဉ်ပျံကြီးများကဲ့သို့ ဘီးအတင်အချပြုလုပ်နိုင်ရန် စီမံထားပါသည်။ Motor အား လေယာဉ်ကိုယ်ထည်ကျောပေါ်တွင်တပ်ဆင်ထားသော RC Plane များနှင့် ရေပေါ်ဆင်း Floating RC Plane များတွင် ဘီးများကို တပ်ဆင်မထားပေ။