Friday, September 19, 2014

Helicopter Tail Blade

Post တွေတင်စရာအများကြီးရှိပါတယ်။ မြန်မာပြည်ရဲ့ connection က အဆင်မပြေတာကြောင့် စိတ်သွားတိုင်း connection မပါဘူးဖြစ်နေပါတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းသလို ကိုယ့်ပိုက်ဆံအကုန်ခံပြီး ၀ါသနာအရ ကိုယ်လေ့လာထားတာတွေ post တင်တာဆိုတော့ Oredoo လည်းမသုံးနိုင်ဘူးဗျ။ တယ်လီနော ကတော့ ဘယ်လိုလာမလဲမသိဘူး။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်ဆိုသလို ကျွန်တော့် GSM လေးနဲ့ပဲ MPT loading လည်တာလေးကို ချစ်ခင်မြတ်နိုးစိတ်၊ သနားညှာတာစိတ်၊ သည်းခံခွင့်လွှတ်နိုင်စွမ်းအပြည့်နဲ့ပဲ MPT ရဲ့ဆောင်ပုဒ် ရှေ့သို့လှမ်းချီ မြန်မာပြည်ဆိုတဲ့အတိုင်း Loading လေးနဲ့ပဲ ကျွန်တော့ blog ကလေးကို ရှေ့သို့လှမ်းချီသွားပါ့မယ်။
Main Blade အား လည်ပတ်စေရန်အတွက်အားကို Body တွင်တပ်ဆင်ထားသော Engine မှ ရရှိသည်။ Main Blade လည်ပတ်သောအခါ Engine တွင် ပြောင်းပြန်လိမ်အား Torque ဖြစ်ပေါ်စေပါသည်။ Express ကားများ လီဘာပုတ်သောအခါ ဘယ်ညာလူးခြင်း၊ သင်္ဘောများ အထူးသဖြင့် မြစ်ဝကျွန်းပေါ်သွား အင်ဂျင်တစ်လုံးတပ် ဂျပန်စစ်လျှော်ကြေးအဖြစ်ရရှိထားသော ၀မ်းလုံးသင်္ဘောများသည် တစ်စောင်းသွားခြင်းမှာ ၄င်း Torque အားကြောင့်ဖြစ်သည်။ လေထဲတွင် အလွတ်ပျံသန်းရသော Helicopter များတွင် ထို Torque အားသည် များစွာ အကျိုးသက်ရောက်စေသည်။ Main Blade သည် ညာလည် CCW (Counter Clock Wise) လည်သောအခါ Engine နှင့်တွဲထားသော Body သည် ဘယ်လည် CW လည်ပါသည်။ ထိုကဲ့သို့ Body လိုက်လည်ခြင်းမရှိအောင် Tail အမြီးတွင် Blade ပန်ကာတစ်ခု တပ်ဆင်ထားသည်။
Tail Blade သည် အားတစ်ခုဖြင့် ပြန်တွန်းသောကြောင့် Main Blade လည်မှုကြောင့် ဖြစ်ပေါ်လာသော Torque အားကို ပြန်လည်ပြေပျောက်စေသည်။ Tail Blade အားသည် Torque အားနှင့် တူညီသောအခါ Helicopter ဦးတည်ရာအရပ်သည် တည်ငြိမ်နေမည်ဖြစ်သည်။ Tail Blade လည်ပတ်နှုန်းအနှေးအမြန်ဖြင့် Force အားကို အနဲအများဖြစ်ပေါ်စေသည်။ Tail Blade အားကို Torque အားထက် နည်းစေခြင်း၊ များစေခြင်းဖြင့် Helicopter ဦးတည်ရာအရပ်ကို ပြောင်းလဲ၍ လိုရာအရပ်သို့ ပျံသန်းမောင်းနှင်နိုင်သည်။
(ယခု Post တင်ရာတွင်ပင် connection ပြတ်တောင်းပြတ်တောင်းဖြစ်ပေါ်နေသောကြောင့် အချိန်(၂)နာရီကျော်ကြာမြင့်ကာ Bill သည်လည်း အတော်ထိခိုက်သွားပါကြောင်း)

2 comments:

Anonymous said...

အရမ်းကျေးဇူးတင်ပါတယ်ဗျာ ပို့စ်အသ်စတွေ အားပေးနေပါမယ်။

myanmarrcworld said...

အားပေးလို့ အားရှိသွားပါပြီ။ Post အသစ်တွေ တင် စရာ အများကြီးရှိပါသေးတယ်။ ဒီရက်ပိုင်း လုံးဝမအားလို့ပါ။ တစ်ပါတ် အနဲဆုံးတစ်ခုတော့ ရ အောင် တင် ပါမည်။ ကျေးဇူးပါ။