မထမဦးစွာ Piston ဟာ Cylinder အတွင်း ထိပ်ဆုံးနေရာ TDC (Top Dead Center) တွင် ရှိနေချိန်မှာ Intake Valve နဲ့ Exhaust Valve တို့ဟာပိတ်နေပါတယ်။
Piston သည် TDC မှ အောက်သို့စဆင်းသောအခါ Intake Valve သည် ပွင့်သွားပါသည်။ ထိုအခါ Carburetor မှ လောင်စာလေအရောဟာ Engine Cylinder အတွင်းသို့ ၀င်ရောက်လာပါတယ်။ ၎င်းသည် Intake Stroke ဖြစ်ပါသည်။ Piston သည် Cylinder အတွင်း အောက်ဆုံးအနေအထား BDC (Bottom Dead Center) သို့ ရောက်သောအခါ Intake Valve သည် ပိတ်သွားပါသည်။
Piston သည် BDC မှ အပေါ်သို့ပြန်တက်သောအခါ Intake Valve နှင့် Exhaust Valve တို့သည် ပိတ်နေပြီး Cylinder အတွင်းရှိ လောင်စာလေအရောအား Compress ဖိသိပ်ပါသည်။ ၎င်းသည် Compression Stroke ဖြစ်ပါသည်။
Piston သည် TDC သို့ရောက်သောအခါ Cylinder အတွင်း ဖိသိပ်ခံထားရသော လောင်းစာလေ အရောအား Gas Engine တွင် Spark Plug မှ၎င်း Glow Engine တွင် Glow Plug မှ မီးရှို့ပေး ပြီး ပေါက်ကွဲစေပါသည်။ ပေါက်ကွဲမှုကြောင့် Gas များသည် Expand ကျယ်ပြန်လာကာ Piston အား အားဖြင့် အောက်သို့ဖိချပါသည်။ ၎င်းင်းသည် Power Stroke ဖြစ်ပါသည်။
Piston သည် Expand Gas ဖိအားကြောင့် အောက်သို့ဆင်းလာပြီး BDC နားသို့ရောက်သောအခါ Exhaust Valve သည် ပွင့်သွားပါသည်။ ထိုအခါ Expand Gas သည် ပြင်ပလေထုဖိအားထက် များနေသောကြောင့် Exhaust Port မှ လေထုထဲသို့ တိုးထွက်သွားပါသည်။
ထို့နောက် Piston သည် BDC မှ အပေါ်သို့ပြန်တက်သောအခါ Cylinder အတွင်းရှိ လက်ကျန် Gas များကို Exhaust Port မှ လေထုထဲသို့ တွန်းထုတ်ပါသည်။ ၎င်းသည် Exhaust Stroke ဖြစ်ပါသည်။ Piston သည် TDC သို့ရောက်သောအခါ Exhaust Valve သည် ပိတ်သွားပါသည်။ ထို့နောက် Piston အောက်သို့ပြန် ဆင်းသောအခါ Intake Valve သည် ပြန်ပွင့်သွားပြီး Intake Stroke အား ပြန်လည်စတင်ပါသည်။ ၎င်းတို့ မှာ Four Stroke Engine အလုပ်လုပ်ပုံ အခြေခံသဘောတရားများဖြစ်ပါသည်။ Valve အလုပ်လုပ်ပုံ တင်ပြပါမည်။Cam Wheel သည် ဘဲဥပုံ ရှိပါသည်။ Cam Wheel အား Camshaft တွင်တပ်ဆင်ထားသည်။ Camshaft အား Gear ပင်နယံဖြင့် Crankshaft နှင့်ချိတ်ဆက်ကာ လည်ပတ်စေပါသည်။ Cam Wheel လည်ပတ်သောအခါ မျက်နှာပြင်မညီမှုကြောင့် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပါသည်။ Cam Wheel မျက်နှာပြင် နိမ့်နေသောအခါ Push Rod သည် အောက်သို့ကျနေပါသည်။ ထိုအခါ Valve သည် Spring ကန်အားကြောင့် ပိတ်နေပါသည်။ Cam Wheel မျက်နှာပြင်မြင့်သောအခါ Push Rod သည် အပေါ်သို့ တက်ပြီး Rocker Arm အားတွန်းပါသည်။ တဖန် Rocker Arm သည် Valve အား Spring အားကိုကျော် လွန်၍တွန်းပါသည်။ ထိုအခါ Valve သည် ပွင့်သွားပါသည်။ Two Stroke Engine သည် ဤအစိတ်အပိုင်း များမပါဝင်၍ Engine အလေးချိန် ပိုမိုပေါ့ပါးပါသည်။
No comments:
Post a Comment