Thursday, August 8, 2013

လေယာဉ်ဘယ်ညာလူးတောင်ပံ Aileron

Aileron လေယာဉ်ဘယ်ညာလူးတောင်ပံငယ်အကြောင်း တင်ပြသွားပါမည်။ လေယာဉ်ပျံ ပျံသန်းသောအခါ ဘယ်ညာကွေ့ရပါသည်။ ထိုသို့ကွေ့ရာတွင် ကမ္ဘာမြေဆွဲအား Gravity မှ လွင့်ထွက်မသွားအောင် စောင်းပေးရပါသည်။ ညာဘက်ကွေ့လျှင် ညာဘက်၊ ဘယ်ကွေ့လျှင် ဘယ်ဘက်စောင်းပေးရပါသည်။ ထိုသို့ လေယာဉ်အား ဘယ်ညာလူးရန် Aileron မှ ဆောင်ရွက်ပေးပါသည်။ Aileron အား တောင်ပံ၏ ဘယ်ညာနောက်ဘက်တွင် တပ်ဆင်ထားပါသည်။ Aileron တစ်ဘက်စီသည် ဆန့်ကျင်ဘက်လားရာဖြင့် လှုပ်ရှားပါသည်။ Aileron သည် ပုံမှန်အနေအထားတွင်ရှိပါက လေယာဉ်သည် တည်ငြိမ်နေပါမည်။ Aileron အပေါ်အောက်လှုပ်ရှားသောအခါ လေတိုးမှုကြောင့် ပန်ကာသဘောတရားအတိုင်း လေယာဉ်အား ဘယ်ညာလူးစေပါသည်။ ဘယ် Aileron အပေါ်တက်လျှင် ညာ Aileron အောက်ဘက်စိုက်ပါသည်။ ထိုအခါ လေယာဉ်သည် ညာဘက်သို့စောင်းပါသည်။ Aileron အား လေယာဉ်ပျံကွေ့ရာတွင်သာမက ပျံသန်းမှုလိုအပ်ချက်အရ ဘယ်ညာစောင်းရာတွင်လည်း အသုံးပြုပါသည်။

No comments: