လေယာဉ်ပျံ ပျံသန်းရာတွင် အပေါ်တက်/အောက်ဆင်း ပြုလုပ်ရန် Elevators အပေါ်တက်အောက်ဆင်း တောင်ပံငယ်မှ ပြုလုပ်ပေးပါသည်။ Elevators ကို Horizontal Stabilizer ရေပြင်ညီထိန်းတောင်ပံ၏ နောက်ဘက်အဖျားတွင် ဘယ်ညာ(၂)ခု တပ်ဆင်ထားပါသည်။ Elevators များ၏လှုပ်ရှားမှုသည် Aileron ဘယ်ညာလူးတောင်ပံငယ် များကဲ့သို့ ဆန့်ကျင်ဘက် လှုပ်ရှားမှုမဟုတ်ပဲ ပြိုင်တူ (၂)ဘက်စလုံး အထက်အောက်လှုပ်ရှားပါသည်။ Elevators များ အထက်သို့ကော့သောအခါ အမြီးသည် အောက်သို့ဆင်းပြီး ဦးပိုင်းသည် အပေါ်သို့မော့သွား ပါသည်။ Elevators များ အောက်သို့စိုက်သောအခါ အမြီးသည် အပေါ်သို့ထောင်သွားပြီး ဦးပိုင်းသည် အောက်သို့စိုက်သွားပါသည်။
No comments:
Post a Comment