Friday, August 9, 2013

ပဲ့ထိန်း Rudder

လေယာဉ်ပျံ ပျံသန်းရာတွင် ဘယ်ညာကွေ့ရန် ပဲ့ထိန်း Rudder မှ ပြုလုပ်ပေးပါသည်။ ပဲ့ထိန်းအား လေယာဉ်ပျံအမြီး ဒေါင်လိုက်တည်ငြိမ်ထိန်းတောင်ပံ Vertical Stabilizer ၏ နောက်ဘက် အဖျားတွင် တပ်ဆင်ပါသည်။ ပဲ့ထိန်းသည် ညာဘက်စောင်းသောအခါ အမြီးသည် ဘယ်ဘက်သို့ရွေ့ပြီး ဦးပိုင်းသည် ညာဘက်သို့ကွေ့သွားပါသည်။ ထို့အတူ ပဲ့ထိန်းသည် ဘယ်ဘက်သို့စောင်းသောအခါ အမြီး သည် ညာဘက်သို့ရွေ့ပြီး ဦးပိုင်းသည် ဘယ်ဘက်သို့ ကွေ့သွားပါသည်။ မှတ်ချက်အနေနဲ့ - ပဲ့ထိန်းသည် ဘယ်/ညာစောင်းသောအခါ ဘယ်ညာလူးတောင်ပံ Aileron ၏ ပြုမူချက်မျိုး ဖြစ်ပေါ်စေပါသည်။ ဥပမာ ပဲ့ထိန်းသည် ညာဘက်သို့ကွေ့သောအခါ အမြီးအား ဘယ်ဘက်သို့ရွေ့သွားစေရုံသာမက လေယာဉ် တစ်စီးလုံးကို ဘယ်ဘက်သို့စောင်းသွားစေပါသည်။ ထိုသို့မဖြစ်ပေါ်စေရန် Aileron မှ အလိုက်သင့် ချိန်ညှိ ပေးရပါသည်။

No comments: