လေယာဉ်တစ်စီး လေထဲပျံသန်းနိုင်ခြင်းမှာ တောင်ပံမှမတင်အား Lift ကြောင့် ဖြစ်ပါသည်။ လေယာဉ်တောင်ပံများသည် အပေါ်မျက်နှာပြင်ခုံးပြီး အောက်မျက်နှာပြင်သည် ပြားနေပါသည်။ လေယာဉ်သည် အား Thrust တစ်ခု
ခုခုကြောင့် ရှေ့သို့ရွေ့လျားသောအခါ တောင်ပံအားလေတိုးပါသည်။ ထိုလေသည် တောင်ပံအပေါ်မျက်နှာပြင်နှင့် အောက်မျက်နှာပြင်တို့အား ခွဲပြီး ဖြတ်စီးရပါသည်။ အပေါ်မျက်နှာပြင်ဖြတ်စီးရသောလေသည် တောင်ပံမျက်နှာပြင်ခုံးနေသောကြောင့် မြန်မြန်ဖြတ်စီး ရပါသည်။အောက်မျက်နှာပြင်ဖြတ်စီးရသောလေသည် မျက်နှာပြင်ပြားနေသောကြောင့် ပုံမှန်နီးပါးသာ ဖြတ်စီးရပါသည်။ ထို့ကြောင့် အပေါ်မျက်နှာပြင်လေစီးကြောင်းအလျှင် Velocity (V1) သည်အောက်မျက်နှာပြင်လေစီးကြောင်းအလျှင် Velocity (V2) ထက်များနေပါသည်။ ရူပဗေဒသဘောတရားအရ အလျှင် Velocity များလျှင် ဖိအား Pressure (P) နဲပါသည်။ Velocity inversely proportional to Pressure. ထို့ကြောင့် အပေါ်မျက်နှာပြင် Pressure သည် နဲနေပြီး အောက်မျက်နှာပြင် Pressure သည် များနေပါသည်။ ထို ဖိအားမညီမျှမှု Pressure Difference ကြောင့် တောင်ပံသည် လေယာဉ်ပျံအား အပေါ်သို့မတင်ပါသည်။ တောင်ပံအား လေယာဉ်တစ်စီးလုံး၏ အလေးချိန်ဗဟိုချက် Center of Gravity အနီးတွင် ချိန်ဆတပ်ဆင်ကြပါသည်။ RC Plane များတွင် တောင်ပံအား ဖော့ဖြင့် အများဆုံးအသုံးပြုကြပါသည်။

No comments:
Post a Comment